နေ့စဉ်နဲ့ အမျှ သင်ပြုလုပ်နေတဲ့ ဆံပင်ပုံစံတွေက သင့်ဆံကေသာကို ထိခိုက်ပျက်စီးစေတယ်ဆိုတာ သင်သိပါသလား။ ဆံပင်ကို အပူပေးစက်နဲ့ ကောက်တာ ဖြောင့်တာတွေ၊ ဆံပင်လေမှုတ်စက်နဲ့ အခြောက်ခံတာတွေမက အခုလို ဆံပင်ပုံစံကို အမျိုးမျိုးပြောင်းပေးတာဟာလည်း ဆံကေသာကို ထိခိုက်ပျက်စီးစေပါတယ်။

နေ့စဉ် ဆံပင်ခပ်မြင့်မြင့်စည်းခြင်း

အခုလို ဆံပင်ကို ခပ်မြင့်မြင့်စည်းပေးတာဟာ ဆံပင်ဖွာခြင်း၊ ဆံပင်ကျိုးကြေပျက်စီးခြင်းတွေ ဖြစ်စေပါတယ်။

ကျစ်ဆံမြီးကျစ်ခြင်း

ဆံပင်ကို ကျစ်ဆံမြီး အမြဲတမ်း ကျစ်ထားမယ်ဆိုရင်တော့ ဆံပင်အဖျားနှစ်ခွဖြစ်ခြင်း၊ ဆံကေသာ ပျက်စီးခြင်းတို့ကို ဖြစ်စေပါတယ်။ ဒါ့အပြင် ဆံပင်အမြစ်လေးတွေကိုလည်း ထိခိုက်ပျက်စီးစေနိုင်ပါတယ်။

ဆံထုံးထုံးခြင်း

သင့်ရဲ့ ဆံကေသာကို ထိခိုက်ပျက်စီးစေတဲ့ ဆံပင်ပုံစံ (၃) မျိုး

အမြဲတမ်းလိုလို ဆံပင်ကို ဆံထုံးထုံးထားတာဟာ သင့်ကို စတိုင်လ်ကျစေပေမယ့် ဆံကေသာကို ထိခိုက်ပျက်စီးစေတယ်ဆိုတာ သတိရပါ။ ဆံပင်ကျိုးကြေပျက်စီးခြင်းနဲ့ ဆံသားခြောက်သွေ့ခြင်းတွေ ဖြစ်စေပါတယ်။