ကိုယ့်ဘဝအတွက် အမှတ်တရများစွာ ဖန်တီးပေးကြသူတွေထဲမှာ သူငယ်ချင်းတွေကလည်းမပါမဖြစ်ပါပဲ။ သူငယ်ချင်းတွေနဲ့ အတူတူရှိရတဲ့အချိန်က တကယ်ကိုပျော်စရာကောင်းတဲ့အချိန်တွေပါ။ စာဖတ်သူတို့မှာရော စိတ်ညစ်လဲအတူတူ ပျော်လဲအတူတူဆိုတဲ့ သူငယ်ချင်းတွေရှိပါသလား။ ဒီနေ့မှာတော့ သူငယ်ချင်းအုပ်စုတစ်စုမှာ အနည်းဆုံးတစ်ယောက်တော့ ပါလာတတ်တဲ့ လူမျိုးတွေကို ဖော်ပြပေးချင်ပါတယ်။

(၁) ဂျိုကာ

သူငယ်ချင်းအဖွဲ့တစ်ဖွဲ့မှာ အမြဲတမ်းစနောက်ပြီး ပျော်ပျော်နေတတ်တဲ့ ဂျိုကာတစ်ယောက်တော့ ပါတတ်ကြပါတယ်။ သူကိုယ်တိုင်လည်း ပျော်ပျော်နေတက်သလို သူငယ်ချင်းတွေအားလုံးကိုလည်း ပျော်အောင်စနောက်တတ်သူ ဖြစ်ပါတယ်။ အဲ့လို သူငယ်ချင်းနဲ့ အတူတူရှိနေချိန်ကတော့ ရယ်ရလွန်းလို့ အသက် ၁ နှစ် ပိုရှည်လာသလိုတောင် ခံစားရပါတယ်နော်။

(၂) စီစဉ်သူ

အရင်းအနှီးဆုံးသူငယ်ချင်းတွေထဲမှာ အဖွဲ့ခေါင်းဆောင်းဆိုတာ မရှိရင်တောင် ဘာပဲလုပ်လုပ် ဦးစီးဦးဆောင်လုပ်တက်တဲ့ စီစဉ်သူ (Organizer) တစ်ယောက်တော့ ပါတတ်ကြပါတယ်။ သူငယ်ချင်းတွေတွေ့ဆုံဖို့ ချိန်းတာဖြစ်စေ သောက်ကြစားကြ ပျော်ကြပါးကြဖို့ဖြစ်စေ ခရီးထွက်ဖို့ပဲဖြစ်စေ ဘာပဲလုပ်လုပ် အားလုံးကို စီစဉ်ပေးသူပါ။ စီစဉ်သူဆိုတဲ့အတိုင်း ရှေ့ဆုံးကနေ အားလုံးကို မားမားမတ်မတ်ရပ်တည်ပေးပြီး သူငယ်ချင်းတွေအားလုံးပျော်ရွှင်ဖို့ ကြံဆောင်ပေးတတ်တဲ့သူကြီးပေါ့။

(၃) ဂုန်းဆင်း

သူငယ်ချင်းအဖွဲ့တစ်ခုမှာ ဂုန်းဆင်းတစ်ယောက်ကတော့ အနည်းဆုံးပါတတ်ပါတယ်။ ဘယ်အချိန်ကြည့်ကြည့် Ever မွဲနေသူတွေပေါ့။ အမြဲလိုလို ဂုန်းဆင်းဖို့ချောင်းနေတတ်ပြီး သူငယ်ချင်းတွေနဲ့ တွေ့ကြဆုံကြစားကြသောက်ကြတဲ့အခါ ပျော်လို့မဆုံးပါ။ တစ်ခါတစ်လေ ပိုက်ဆံတော့ပေးပါတယ်။ အားလုံးတစ်ယောက်ကို ၁ သောင်းထုတ်ရှင်းနေကြချိန်မှာ နှစ်ထောင်လောက်နဲ့ နှစ်သိမ့်သွားတာမျိုးပါ။ စာဖတ်သူတို့ သူငယ်ချင်းတွေထဲမှာ အကြီးစားဂုန်းဆင်းတွေ ရှိကြတယ်မလား။