မင်္ဂလာပါနော်။ ကိုယ်စိတ်ဝင်စားတဲ့ သူနဲ့ ပထမဆုံး ချိန်းတွေ့တဲ့အခါ သင့်ရင်ထဲမှာ ရင်ခုန်မှုတွေ စိတ်လှုပ်ရှားမှုတွေနဲ့ ပြည့်နှက်နေမှာသေချာပါတယ်။

ဒီတော့ ပထမဆုံး ဒိတ်လုပ်ချိန်မှာ အလှဆုံးနဲ့ အမိုက်ဆုံးကို ဝတ်စားဆင်ယင်ချင်ကြတာလည်း သဘာဝကျပါတယ်။

ချစ်သူနဲ့ ချိန်းတွေ့ချိန်မှာ မိမိဝတ်စားဆင်ယင်မယ့် ဖက်ရှင်ကလည်း အဓိက ကျတာမို့ ချစ်သူကို ပထမဆုံး ဒိတ်လုပ်တဲ့အခါ မဝတ်သင့်တဲ့ဖက်ရှင် (၃) မျိုးကို မျှဝေပေးချင်ပါတယ်။

၁။ ဒေါက်ဖိနပ် အချွန်အမြင့်ကြီးစီးခြင်း

ဒေါက်ဖိနပ် အရမ်းအချွန် အမြင့်ကြီးတွေက သင့်ကို သက်သောင့် သက်သာမဖြစ်စေပါဘူး။ ဒါ့အပြင် စီးကျင့်မရှိသူတွေ ပိုပြီးရှောင်ပေးသင့်ပါတယ်။ လမ်းလျှောက်တဲ့အခါ သက်သောင့်သက်သာရှိတဲ့ ဖိနပ်မျိုးကို ဝတ်ဆင်ပါ။

၂။ အရမ်းကြပ်တဲ့ အတွင်းခံတွေ ဝတ်ခြင်း

ဆိုင်ပါတယ်။ အတွင်းခံ ခပ်ကြပ်ကြပ်ဝတ်ထားရင် ချစ်သူနဲ့ ပထမဆုံး ဒိတ်ပြီး စားတဲ့ သောက်တဲ့အခါမှာလည်း သက်သောင့်သက်သာမဖြစ်စေလို ရာသီဥတု ပူပြင်းတဲ့အခါမှာလည်း ချွေးထွက်ပြီး ယားကျိကျိ ဖြစ်စေပါတယ်။

၃။ သင်နဲ့ သက်သောင့်သက်သာမဖြစ်တဲ့ Sexy ကျကျ ဖက်ရှင်မျိုးကို ဝတ်ဆင်ခြင်း

Sexy ကျတဲ့ဖက်ရှင်မျိုးကို ဝတ်ဆင်တဲ့အခါ သင်နဲ့ အရမ်းကြပ်နေတဲ့ အရမ်းကို Sexy ကျလွန်းနေတဲ့ဖက်ရှင်မျိုးကို ရှောင်သင့်ပါတယ်။

ဘယ်လိုဖက်ရှင်မျိုးကို ဝတ်ဆင်မလဲ

ပေါ့ပေါ့ပါးပါးနဲ့ သက်သောင့်သက်သာရှိတဲ့ဖက်ရှင်မျိုးကို ရွေးချယ်ပါ။ ဂါဝန်လှလှလေး ဝတ်လိုက်တာမျိုး ဂျင်းဘောင်းဘီနဲ့ ပေါ့ပေါ့ပါးပါး တွေ့တာမျိုး လုပ်နိုင်ပါတယ်။