Denim Jeans တွေက သိပ်အကြမ်းခံပါတယ်။ အနည်းဆုံး ၃/၄ နှစ်တော့ ပြန်ကြည့်စရာမလိုအောင် အဝတ်ခံပါတယ်။ ဒီတော့ ရေရှည်ဝတ်ရမယ့် Denim Jean တွေ ဝယ်တော့မယ်ဆိုရင် ဘယ်လိုမျိုး Denim Styles ကို ရွေးရမလဲဆိုတာ ကြိုစဉ်းစားစေချင်ပါတယ်။

အပြာဝယ်မလား၊ အနက်ရောင်ဝယ်မလား။ အရောင်ရင့်လား ၊ Light Wash ဖျော့လား ၊ Vintage ဒီဇိုင်းလား Selvedge လား။ အမျိုးမျိုး ရှိတဲ့အထဲကနေ ဝယ်လို့ အမှားမရှိတဲ့ Denim Jeans စတိုင် ၃ မျိုးအကြောင်း ပြောပြလိုက်ပါတယ်။

(၁) Classic Dark Blue Jeans

Classic Dark Blue ရောင်ကတော့ Jeans ချစ်သူတိုင်း ငြင်းစရာမရှိအောင် လိုက်ဖက်တဲ့ ဒီဇိုင်း ဖြစ်ပါတယ်။ ဒီအရောင်က ခြေထောက်ဆိုဒ်ကို တခြားအရောင်တွေထက် ပိုပြီး အဆင်ပြေအချိုးကျစေလို့ ဖြစ်ပါတယ်။ အဝတ်အစားအတွဲအဖက်အတွက်လည်း မရွေးတဲ့ အရောင်ပါ။ အပေါ်မှာ ကြိုက်နှစ်သက်ရာ ရှပ်နဲ့ဒီဇိုင်းတွဲပြီး ဝတ်လည်း အဆင်ပြေတာပါပဲ။ ရိုးရိုးလေး T-Shirt + Sneakers ဆိုလည်း လိုက်ဖက်တာပါပဲ။

(၂) Black Denim Jeans

Dark Blue အစား နောက်ထပ် ပိုအရောင်ရင့်ပြီး လူဝတ်များလှတဲ့ ကာလာက Black Denim Jeans ပါ။ Formal/Casual နှစ်မျိုးစလုံး အဝတ်ခံပါတယ်။ အပေါ်မှာ ရှပ်အဖြူလက်ရှည်နဲ့ တွဲဝတ်ရင် လူကို ပိုသားနားစေတဲ့ ဒီဇိုင်းပါ။ နွေဘက်တွေမှာတော့ တီရှပ်တစ်ထည်နဲ့ တွဲဝတ်ရင် စမတ်ကျစေနိုင်ပါတယ်။ Black Denim Jeans ဝယ်ရင် ကာလာစိတ်ချရအောင် အရည်အသွေးကောင်းတာ ဝယ်ဖို့ အရေးကြီးပါတယ်။

(၃) Casual Vintage Jeans

Light Denim Jeans တွေကို မိုးပြာဖျော့ကာလာနဲ့ တွဲသိကြပါတယ်။ များသောအားဖြင့် T-Shirts တွေ ၊ Hoodies နဲ့ Sneaker ဖက်ရှင်တွေမှာ Vintage စတိုင် Jeans ဖက်ရှင်မျိုး ဝတ်ကြပါတယ်။ ကြည့်ရတာ အဆင်ပြေပြီး သက်တောင့်သက်သာရှိတဲ့ဟန်ကို ပေးပါတယ်။ တချို့လည်း Ripped စတိုင် ဖြဲထားတဲ့ ဖက်ရှင်မျိုးနဲ့ Casual ဝတ်လေ့ ရှိတာပါပဲ။ လူငယ်ဆန်တာကြောင့် Casual ဝတ်တဲ့သူတွေအကြိုက်တွေ့တဲ့ ဖက်ရှင်လည်းဖြစ်ပါတယ်။