နွေရာသီစတိုင်အတွက် သိသင့်တဲ့အချက်လေးတွေ မျှဝေပေးချင်ပါတယ်။ ဆောင်းရာသီလောက် ဝတ်စရာအများကြီး ကိုယ်ပေါ် တင်ထားစရာမလိုတော့တာကြောင့် နွေရာသီရဲ့အနှစ်သာရက ပေါ့ပါးမှုနဲ့ သက်တောင့်သက်သာရှိမှုက အဓိကပါပဲ။

ဒီတော့ Summer Style အတွက် သိသင့်တဲ့ အချက်လေး ၃ ချက် ပြောပြပေးလိုက်ပါတယ်။

(၁) အရောင်လွင်ပါစေ

ဆောင်းရာသီမှာ အရောင်အမှိုင်းတွေ အဝတ်များခဲ့ကြပါတယ်။ အခု နွေရာသီမှာတော့ ပိုပြီး တောက်ပအရောင်စိုလွင်တဲ့ ကာလာတွေ ရွေးချယ်ရမှာပါ။

နွေရာသီမှာ အရောင်လွင်လွင်လေးတွေ ဝတ်ခြင်းအားဖြင့် စိတ်လည်း ပိုကြည်နူးပြီး လွတ်လပ်စေလို့ပါ။ နွေရာသီနဲ့လည်း အရောင်လွင်တာက လိုက်ဖက်မှု ရှိပြီး နုပျိုစေတယ်လို့ပါ ခံစားစေရပါတယ်။

(၂) နွေရာသီ ဝတ်စရာလေးတွေ

နောက်တစ်ခုက နွေရာသီနဲ့ လိုက်ဖက်တဲ့ အဝတ်အစားမျိုး ဝတ်ဖို့ ဖြစ်ပါတယ်။ များသောအားဖြင့် နွေရာသီမှာ လက်တိုနဲ့ T-Shirt တွေ အဝတ်များပါတယ်။

Summer Look ပိုကျစေဖို့ဆိုရင် နေကာမျက်မှန်နဲ့ ဦးထုပ်တွေလည်း ဝတ်ဆင်နိုင်ပါတယ်။ ဘောင်းဘီတိုနဲ့ Sneaker လေးတွဲဝတ်နိုင်သလို လီနင်ရှပ်အပါး လက်ရှည်လေးတွေလည်း ဆင်လို့ရပါတယ်။ နွေရာသီမှာ ဝတ်ရင် အေးတဲ့အသားတွေ ဝတ်ပါ။ သိပ်မကျပ်ဘဲ ချောင်ချိနေပါစေ။

(၃) ဒါလေးတွေ မလုပ်ပါနဲ့

နွေရာသီမှာ ပေါ့ပါးရင် ပြီးတာပဲဆိုပြီး သိပ် Casual ဖြစ်တာမျိုး မဝတ်ဖို့ လိုပါတယ်။ တီရှပ်အပွကြီးနဲ့ သွားတာမျိုးကတော့ မမိုက်ပါဘူး။ နောက်ပြီး ခြေညှပ်ဖိနပ်တွေချည်းလည်း တောက်လျှောက်ဝတ်တာမျိုးက ရှောင်ကြည်သင့်ပါတယ်။ ကင်းဘတ်စ် Sneaker လေးတွေမျိုး ပြောင်းစီးသင့်ပါတယ်။