လောကမှာ တစ်ချို့သောလူတွေက မှားယွင်းတဲ့အတွေးအခေါ် အယူအဆတွေကြောင့် အောင်မြင်မှုနဲ့ ဝေးသထက်ပိုဝေးသွာကြရပါတယ်။ တကယ်လို့ ကိုယ်ဟာ ဘဝမှာအောင်မြင်မှုရဖို့ စိတ်အားထက်သန်သူတစ်ယောက်ဆိုရင်တော့ အခုပြောပြမယ့် အချက် (၃) ချက်ကို မလုပ်မိဖို့ အကြံပြုလိုပါတယ်။

(၁) ငွေကြေး လုံလုံလောက်လောက်မှ မရှိတာ

Source: Best Money Moves

ဆင်းရဲတဲ့ဘဝကနေ မီးကုန်ယမ်းကုန်ကြိုးစားခဲ့ကြလို့ အောင်မြင်နေတဲ့သူဌေးတွေ တစ်ပုံကြီးပါပဲ။ ပိုက်ဆံမရှိတာလို့ ထိုင်ညည်းနေမယ့်အစား ပိုက်ဆံရအောင် ဘယ်လိုကြိုးစားမလဲ၊ ကိုယ်ကြိုးစားလို့ ရလာတဲ့ ပိုက်ဆံကို အကျိုးရှိရှိ ဘယ်လိုအသုံးချမလဲဆိုတာ စဉ်းစားရမှာပါ။

ကိုယ့်မှာရှိတဲ့ ပိုက်ဆံကို အကျိုးရှိရှိ အသုံးချတတ်ဖို့ကလည်း လူတိုင်းတတ်ထားသင့်တဲ့ ပညာရပ်တစ်ခုပဲဖြစ်ပါတယ်။

(၂) မနက်ဖြန်မှ လုပ်မယ်

Source: www.ortesticaret.com.tr

ဒီနေ့လုပ်လို့ရရဲ့သားနဲ့ မနက်ဖြန်မှ လုပ်မယ်၊ နောက်နေ့မှ လုပ်မယ်ဆိုပြီး အချိန်ဆွဲတတ်တဲ့ အလေ့အကျင့်ကို ဖျောက်ဖျက်နိုင်ရပါမယ်။ ဒါဆိုရင်တော့ သင့်ဘဝအတွက် အောင်မြင်မှုနဲ့ တဖြည်းဖြည်း နီးကပ်လာပြီပဲဖြစ်ပါတယ်။

ဒီလို အချိန်ဆွဲတတ်တဲ့အကျင့်ဆိုးကို မဖျောက်နိုင်ဘူးဆိုရင်တော့ အချိန်တွေက အကျိုးမရှိဘဲ အလဟဿ ကုန်ဆုံးနေမှာပဲဖြစ်ပါတယ်။

(၃) အသက်အရမ်း ကြီးနေပြီလား

Source: ESIC Business & Marketing School

“အခုအချိန်မှ စကြိုးစားရင်တောင် အသက်အရွယ်က ရနေပြီဆိုတော့ အောင်မြင်ဖို့အလားအလာရှိမှာ မဟုတ်တော့ပါဘူးလေ” ဆိုပြီး လက်လျော့ချင်တဲ့အတွေးတွေကို အဝေးဆုံးသာ လွှင့်ပစ်လိုက်ပါ။

အောင်မြင်မှုအတွက် အသက်အရွယ်အကန့်အသတ် မရှိပါဘူး။ ကိုယ် ကြိုးစားရင် ကြိုးစားသလောက် အောင်မြင်မှုအသီးအပွင့်ကို ခံစားရမှာပဲဖြစ်ပါတယ်။