လူတိုင်းက အုံထူပြီး မည်းနက်သန်စွမ်းတဲ့ဆံပင်မျိုး ပိုင်ချင်ကြတာပါပဲ။ ဒါပေမယ့်လည်း လူလတ်ပိုင်းအရွယ် အသက် ၃၀-၄၀ တစ်ဝိုက်ဆို ဆံပင်ကျွတ်တာ ၊ ထိပ်ပြောင်တာ ၊ ဆံပင်အုံပါးလာတာတွေ ကြုံလာတတ်ကြပါတယ်။

တချို့ဆို အသက်မကြီးသေးပေမယ့် ဆံပင်မရှိတော့လို့ ရှိရင်းစွဲအရွယ်ထက် ရုပ်ရင့်သူတွေလည်း အများကြီးပါပဲ။ ဆံပင်တွေ ကျန်းမာသန်စွမ်းဖို့ အကြံပေးတဲ့နည်းလမ်းတွေ အများကြီးရှိပါတယ်။

အခုပြောမယ့်နည်းလမ်းတွေက ရိုးရှင်းပြီး လိုက်နာရလွယ်ကူတာကြောင့် ဆံပင်သန်စွမ်းချင်သူတဲ့ အမျိုးသမီးတိုင်းအတွက် မျှဝေပေးလိုက်ရပါတယ်။

(၁) မှန်ကန်တဲ့ ဆံပင်အလှကုန်သုံးပါ

အရင်ဆုံးအချက်က ကိုယ်သုံးတဲ့ Hair Care Products တွေကို သေချာဂရုစိုက်ဖို့ပါပဲ။ Shampoo သုံးမယ်ဆိုရင် အပျော့စား Mild ဖြစ်တာ ရွေးတာက ဆံပင်သန်စွမ်းကျန်းမာရေး ပိုကောင်းပါတယ်။

အလွယ်ဆုံး ပြောနိုင်တဲ့အချက်က Styling Products တွေ သုံးရင် Lightweight ဖြစ်တာမျိုး သုံးဖို့နဲ့ အများကြီး မသုံးမိစေဖို့ပါပဲ။ ဒီထုတ်ကုန်တွေက ဆံပင်ပျက်စီးစေပြီး ဆံပင်အကျွတ်များစေလို့ ဖြစ်ပါတယ်။

(၂) ဆံပင်ထိန်းသိမ်းနည်း မှန်ပါစေ

သင့်ဆံပင်ဟာ နေ့တိုင်း ခေါင်းလျှော်စရာမလိုဘူးဆိုတာ သတိရပါ။ နေ့တိုင်း ခေါင်းလျှော်တာဟာ ဦး‌ရေပြားနဲ့ ဆံသားတွေ အစိုဓါတ်ပျက်စီးစေနိုင်ပါတယ်။ နောက်တစ်ချက်က Hot Shower လို့ ခေါ်တဲ့ ရေပူချိုးတာ ၊ ခေါင်းကို တဘက်နဲ့ တအားပွတ်တိုက်တာ ၊ Hot Styling Products တွေ သုံးတာမျိုးကိုလည်း ရှောင်ကြဉ်ရပါမယ်။

ခေါင်းဖြီးတဲ့ ဘီးကအစ သိပ်ပြီး စိပ်လွန်းတာမျိုး မဖြစ်သင့်ပါဘူး။ ပုံမှန် ဆံပင်ညှပ်တာကလည်း ဆံပင်ကို ထိန်းသိမ်းမှု လုပ်နေတာပဲ ဖြစ်ပါတယ်။ ဆံပင်ကို ၃-၄ လ မညှပ်ဘဲ ထားတာမျိုးက ဆံပင်နဲ့ ဦးရေပြား ထိန်းသိမ်းမှုကို အားနည်းစေနိုင်ပါတတယ်။

ပုံမှန် ဆံပင်ညှပ်တာမျိုး မလုပ်သူတွေဟာ အချိန်ကြာလာတာနဲ့အမျှ ဆံပင်ပျက်စီးမှု ပိုဖြစ်စေနိုင်ပါတယ်။ အချိန်ရမယ်ဆိုရင် ခေါင်းကို ဖွဖွလေး နှိပ်နယ်ပေးတာမျိုး လုပ်ခြင်းအားဖြင့်လည်း ဦးရေပြား သွေးစီးဆင်းမှု အားကောင်းစေပြီး ဆံသားကျန်းမာစေနိုင်ပါတယ်။

(၃) Lifestyle အပြောင်းအလဲ လုပ်ပါ

ဆံပင်ကျန်းမာဖို့ အာဟာရကို ဂရုစိုက်ပါ။ သကြားအစား လျှော့ပါ။ ဆေးလိပ်ရှောင်ပါ။ တာရှည်ခံပြုပြင်စီမံထားတဲ့ အစားအသောက်တွေ ရှောင်ပြီး ဓါတ်တိုးဆန့်ကျင်မှု ပါတဲ့ လတ်လတ်ဆတ်ဆတ် အသီးအရွက်တွေ စားတာ ၊ Green Tea ၊ ကော်ဖီ ၊ Dark Chocolate သောက်တာ ၊ ဘလူးဘယ်ရီသီးစားတာ ၊ ဝိုင်နီသောက်တာမျိုး လုပ်ပေးသင့်ပါတယ်။