သားသမီးအများစုအတွက် သူတို့မိဘတွေရဲ့ လိပ်စာတွေ၊ ဖုန်းနံပါတ်တွေကို ဖျောက်ဖျက်ပြီး လုံးဝ အဆက်အသွယ် ဖျက်လိုက်ဆိုတာ မတွေးရဲသလောက်ပါပဲ။ ငယ်ကတည်း ကိုယ့်ကို ပြုစုပျိုးထောင်ပေးခဲ့တာဟာ အဝတ်အစားဆိုရင်လည်း အဝတ်အစား၊ ကျောင်းတက်တယ်ဆိုရင်လည်း ကျောင်းတက်ဖို့ ထောက်ပံ့၊ စားဖို့သောက်ဖို့ဆိုလည်း မနက်၊နေ့၊ည မပူရ စတဲ့အရာရာကို ထောက်ပံ့ပေးခဲ့ကြသူတွေဟာလည်း မိဘတွေပါပဲ။

ဒါပေမယ့် ဘာအကြောင်းအရာတွေကြောင့် သားသမီးတွေက သူတို့ရဲ့ မိဘအရင်းကြီးတွေကိုတောင် စိမ်းစိမ်းကားကားနဲ့ မေ့သွားတတ်ကြတာလဲ။ အကြောင်းပြချက် (၃) ခု လောက်ကို ရှာဖွေ တင်ပြသွားချင်ပါတယ်။

၁) မိဘတွေဟာ သူတို့ရဲ့ သားသမီးအပေါ် အပြန်အလှန်လေးစားမှုပေးဖို့ မေ့နေကြပါတယ်။

Source: AARP

သားသမီးတွေအနေနဲ့ မိဘတွေလက်ထဲမှာပဲ ငယ်ကကြီးပြင်းလာခဲ့ကြတာကြောင့်လည်း သူတို့သားသမီးတွေအကြောင်းကို အားလုံးသိနေလို့လည်း ပြန်မလေးစားတာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒီအချက်ဟာ သားသမီးတွေရဲ့ စိတ်ခံစားမှုတွေအပေါ် များစွာ အဆိုးဘက်က သက်ရောက်သွားတတ်ပါတယ်။

မြန်မာယဉ်ကျေးမှုအရဆိုရင်တော့ ကြီးသူကိုရိုသေလို့ပဲ ဆိုထားတာကြောင့် အငယ်တွေကပဲ ကြီးသေရမှာဖြစ်ပြီး ကြီးတဲ့သူတွေက ငယ်တဲ့သူတွေကို ရိုသေဖို့ မလိုအပ်ဘူးဆိုတဲ့ သဘောမျိုးသက်ရောက်နေပါတယ်။ တကယ်တော့ သားသမီးတွေကလည်း သူတို့မိဘတွေကို လေးစားရမှာ ဖြစ်ပြီး၊ မိဘများကလည်း တဖန် သူတို့ရဲ့ သားသမီးများကို ပြန်လည်လေးစားဖို့လိုအပ်ပါတယ်။

၂။ မိဘများဟာ သားသမီးများအပေါ်သူတို့ရဲ့ အမှားကို ဝန်ခံလေ့မရှိကြပါဘူး။

Source: Commercial Integrator

ဒါဟာ သားသမီးတွေရဲ့ လေးစားမှုပျက်သွားမှာ သို့မဟုတ် လေးစားမှု လျော့သွားမှာ စိုးတဲ့အတွက် ကိုယ့်အမှားကို ဝန်မခံကြတာလဲဖြစ်နိုင်ပါတယ်။ သို့တည်းမဟုတ် ကိုယ့်က မိဘပဲ သားသ္မီးအပေါ် ဘာဝန်ခံတောင်းပန်စရာလိုမှာမို့လည်း စသည့်ဖြင့် ယူဆထားတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အမှန်တော့ သားသမီးတွေအပေါ် သူတို့ပြုမိတဲ့ အမှတ်မထင်(မရည်ရွယ်)ပဲ ပြုလုပ်မိတဲ့အများဟာ ကလေးတွေရဲ့ စိတ်ထဲမှာ မှတ်သားသွားတတ်ကြပါတယ်။

သူတို့မှန်တယ်လို့ထင်ထားတဲ့ အကြောင်းအရာကိုလည်း အမှားမြင်သွားနိုင်ပါတယ်။ သို့သော် သူတို့မိဘများဆီကတော့ တောင်းပန်မှု(ဝန်ခံမှု)ကို ကလေးတွေ တောင့်တကြပါတယ်။ အဲဒီစိတ်ကို မိဘတွေအနေနဲ့ မဖြေရှင်းကြဘူး၊ ဥပေက္ခာပြုထားကြမယ့်ဆိုရင် အသက်ကြီးတဲ့အထိ ယူဆောင်သွားကြပါလိမ့်မယ်။

၃။ သားသမီးများထဲမှ တစ်ချို့ကိုသာ မျက်နှာသာပေးခြင်း။

Source: Barefoot Investor

ဒီအချက်က သားသမီးအများကြီးပိုင်ဆိုင်ထားတဲ့ မိဘတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာတစ်ခုပါ။ အခြေအနေအရ အားလုံးကို တန်းတူကျွေးမွေးဖို့ဆိုတာကလည်း မဖြစ်နိုင်တဲ့အနေအထားမှာ အကြီးဆုံးသားကို သော်လည်းကောင်း၊ အလတ်ကိုသော်လည်းကောင်း၊ အငယ်ဆုံးသမီးကိုသော်လည်းကောင်း အလိုလိုက်ရပါတယ်။

ဒါဟာ အခြားမွေးချင်းတွေအတွက် မညီမျှတဲ့ ခံစားမှုကို ဖြစ်စေတတ်တဲ့ပါတယ်။ ခွဲခြားဆက်ဆံခံရတဲ့ ခံစားမှုမျိုးရသွားတတ်ကြပြီးတော့ သူတို့ရဲ့ မိဘအပေါ် အာဃာတ ထားသွားနိုင်ပါတယ်။ ဒါကြောင့် မိဘတွေအနေနဲ့ ကိုယ့်သားသမီးကို ဆက်ဆံတဲ့အခါမှာ အားလုံးရဲ့ စိတ်ကျေနပ်မှုမျှတအောင် ဂရုစိုက်သင့်ပါတယ်။