ဝက်ခြံဆိုတာ အစားအသောက် အနေအထိုင်မမှန်နေတဲ့ အခါမျိုးတွေမှာ ထွက်လာတတ်တာ သဘာဝပါပဲ။ ဝက်ခြံပေါက်ပြီး အချိန်မှာလည်း အမာရွတ်တွေကျန်နေခဲ့တတ်တာကြောင့် ဒီလိုမျိုး အမာရွတ်တွေကိုပျောက်ကင်းစေဖို့ နည်းလမ်းကောင်းတွေကိုလည်း သိထားဖို့လိုအပ်တာပေါ့။

သခွားသီး

သခွားသီးက အသားအရေအတွက် အတွင်းပိုင်းကနေရော အပြင်ပိုင်းကနေပါ အများကြီးကူညီထောက်ပံ့ပေးပါတယ်။ သခွားသီးက စားမယ်ဆိုရင်လည်း ခန္ဓာကိုယ်ကိုရေဓာတ်ပြည့်စေပြီး အသားအရေတွေကိုလည်း ကြည်လင်ပြီးလှပလာစေပါတယ်။ အသားအရေပေါ်မှာတင်ပြီ ပေါင်းတင်တာမျိုးတွေလုပ်မယ်ဆိုရင်လည်း အသားအရေကိုကြည်လင်ပြီး အမာရွတ်တွေကိုလည်း လျော့နည်းလာအောင် လုပ်ပေးနိုင်ပါတယ်။

ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်ကလည်း သင့်မျက်နှာအသားအရေကို ကောင်းမွန်ပြီး ပျက်စီးသွားတဲ့အသားအရေတွေကို ပြန်လည်ကောင်းမွန်အောင် ဖန်တီးပေးနိုင်စွမ်းရှိပါတယ်။ အမာရွတ်တွေကို ပျောက်ကင်းစေဖို့အတွက်ဆိုရင်လည်း ရှားစောင်းလက်ပတ်က အကောင်းဆုံးပါပဲ။ ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်တွေကို ပျောက်ကင်းစေရုံသာမကပဲ  ဝက်ခြံတွေဖြစ်မလာအောင်လည်း ကူညီပေးနိုင်ပါတယ်။

သံလွင်ဆီ

အမာရွတ်တွေကို ပျောက်ကင်းအောင်ပြုလုပ်ဖို့အတွက်ဆိုရင် သံလွင်ဆီကသင့်တော်တယ်လို့ အကြံပြုချင်ပါတယ်။ မျက်နှာပေါ်မှာဖြစ်နေတဲ့ အမာရွတ်တွေကို လျော့နည်းစေပြီး အသားအရေကိုလည်း ချောမွေ့လာစေဖို့ ပြုပြင်ပေးနိုင်ပါတယ်။

အခုဖော်ပြထားတဲ့နည်းလမ်းတွေကတော့ တစ်ခြားအရာတွေနဲ့ ပေါင်းစပ်ဖန်တီးနေစရာမလိုဘဲ သူတို့တစ်မျိုးထဲနဲ့ပဲ မျက်နှာအသားအရေကို ပြန်လည်ပြုပြင်နိုင်တာကြောင့် တကယ်ကိုထိရောက်မယ့် နည်းလမ်းကောင်းလေးတွေပဲဖြစ်ပါတယ်။

Photo Source: Pexels