ခန္ဓာကိုယ်ပေါ်မှာရှိနေတတ်တဲ့ အကြောပြတ်ရာတွေကို ရုတ်တရက် ဒီတိုင်းကြည့်မယ်ဆိုရင်တော့ ဘာမှမဖြစ်ပေမယ့် အတိုလေးတွေဝတ်ချင်တဲ့ အခါတွေမှာတော့ ကြည့်ရဆိုးစေပါတယ်။ ဒူးခေါင်းနေရာတွေ၊ တင်ပါးနဲ့ ခြေသလုံးလိုနေရာမျိုးတွေမှာ အကြောပြတ်တာတွေကို တွေ့ရတာများပါတယ်။ ဒီအကြောပြတ်တဲ့အရာတွေကို ပျောက်ကင်းအောင်လုပ်ဖို့အတွက်ဆိုရင် စိတ်ရှည်ရှည်နဲ့အချိန်ပေးပြီး ကုသဖို့တော့လိုအပ်ပါတယ်။

ရှားစောင်းလက်ပတ်အနှစ်

ရှားစောင်းလက်ပတ်က အရေပြားမှာရှိနေတဲ့ဆဲလ်တွေကို အသစ်ပြန်လည်ဖန်တီးပေးနိုင်တာကြောင့် အကြောပြတ်တဲ့ဒဏ်ရာတွေကိုလည်း သက်သာလျော့နည်းလာစေမှာပဲဖြစ်ပါတယ်။ ရှားစောင်းလက်ပတ်အနှစ်ကို အကြောပြတ်နေတဲ့နေရာတွေပေါ်မှာ သေချာပွတ်လိမ်းပြီး မိနစ် ၂၀ လောက်ထားထားပေးလိုက်ပါ။ အချိန်ပြည့်သွားတော့မှ ရေနွေးနွေးလေးနဲ့ မျက်နှာကိုသေချာပြန်ပြီး သန့်စင်ပေးလိုက်မယ်ဆိုရင် အကြောပြတ်တဲ့ဒဏ်ရာတွေကို လျော့နည်းသွားစေမှာပဲဖြစ်ပါတယ်။

ရှောက်သီးနဲ့ သခွားသီး

သဘာဝအတိုင်းချဉ်တဲ့ဓာတ်ပါဝင်နေတဲ့ ရှောက်သီးနဲ့ အသားအရေကိုချောမွေ့စေနိုင်တဲ့ သခွားသီးတို့ကလည်း အကြောပြတ်တဲ့ဒဏ်ရာတွေကို အချိန်တိုအတွင်းမှာ လျော့နည်းပျောက်ကင်းသွားစေဖို့ ကူညီပေးနိုင်မှာပဲဖြစ်ပါတယ်။ ရှောက်သီးနဲ့ သခွားသီးတို့ကိုရောပြီး အနှစ်ဖြစ်သွားအောင်လုပ်ပေးပါ။ ပြီးရင်တော့ အကြောပြတ်နေတဲ့နေရာတွေပေါ်မှာ လိမ်းထားပေးပြီး နှိပ်နယ်ပေးလိုက်ပါ။ နေ့တိုင်းလုပ်ပေးမယ်ဆိုရင်တော့ သိသာတဲ့ရလဒ်ကို ရရှိလာမှာပဲဖြစ်ပါတယ်။

အာလူး

အာလူးကလည်း အကြောပြတ်တဲ့ဒဏ်ရာတွေကို သက်သာပျောက်ကင်းစေဖို့ ကောင်းကောင်းကူညီပေးနိုင်ပါတယ်။ အာလူးကိုပါးပါးလှီးပြီး အကြောပြတ်ဒဏ်ရာတွေပေါ်မှာ သေချာလေးပွတ်ပေးတာမျိုးကို ပုံမှန်လုပ်ပေးမယ်ဆိုရင်လည်း သက်သာပျောက်ကင်းစေမှာပဲဖြစ်ပါတယ်။

Photo Source: Pexels