မျက်နှာပေါ်က အမည်းစက်တွေ အရေကြောင်းတွေ သက်သာပျောက်ကင်းစေဖို့အတွက် နည်းလမ်းကောင်းလေးတွေကို မျှဝေပေးချင်ပါတယ်။
၁။ မုန်လာဥနီနဲ့ ဒိန်ချဉ်
ပါဝင်ပစ္စည်း
မုန်လာဥနီ ကြိတ်ပြီးသား စားပွဲတင်ဇွန်း ၃ ဇွန်း
ဒိန်ချဉ် စားပွဲတင်ဇွန်း ၄ ဇွန်း
ပျားရည် စားပွဲတင်ဇွန်း ၁ ဇါန်း
ပါဝင်ပစ္စည်းအားလုံးကို ခွက်တစ်လုံးထဲရောပြီး သေချာထည့်မွှေလိုက်ပါ။ ပြီးရင် မျက်နှာသစ်ပြီး မျက်နှာပေါ်မှာ လိမ်းပေးပါ။ မိနစ် ၂၀ လောက်ထားကာ ရေဆေးချပေးပါ။ ပြီးရင် ခရင်မ်တစ်မျိုးမျိုးလိမ်းပေးထားတာပါ။ တစ်ပတ်ကို ၃ ကြိမ်လုပ်ပါ။
၂။ နနွင်းနဲ့ ပျားရည်
ပါဝင်ပစ္စည်း
နနွင်းမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း
ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်း
နွားနို့ စားပွဲတင်ဇွန်း ၁ ဇွန်း
ပါဝင်ပစ္စည်းအားလုံးကို သေချာရောပြီး မွှေလိုက်ပါ။ ပြီးရင် မျက်နှာပေါ်လိမ်းပေးပြီး မိနစ် ၃၀ လောက်ထားပါ။ အဲဒီနောက် ရေအေးအေးနဲ့ ဆေးချပါ။ တစ်ပတ်ကို ၂ ကြိမ်လုပ်ပါ။
၃။ နှင်းဆီရေ နဲ့ဒိန်ချဉ်
ပါဝင်ပစ္စည်း
နှင်းဆီရေ စားပွဲတင်ဇွန်း ၃ ဇွန်း
ဒိန်ချဉ် စားပွဲတင်ဇွန်း ၅ ဇွန်း
ပါဝင်ပစ္စည်းနှစ်မျိုးကို သေချာရောလိုက်ပြီး မျက်နှာပေါ်မှာလိမ်းပေးပါ။ မိနစ် ၃၀ လောက်ထားပြီး ရေအေးအေးနဲ့ ဆေးချပါ။ တစ်ပတ်ကို ၃ ကြိမ်လုပ်ပေးပါ။
စာဖတ်သူတို့အနေနဲ့ မိမိနဲ့ အဆင်ပြေတဲ့ နည်းလမ်းတွေကို အဆင်ပြေသလိုလုပ်ပေးနိုင်ပါတယ်။