သင့်ဘဝမှာ အမှန်တကယ် ကြီးပွားတိုးတက်ချင်တယ်ဆိုရင်တော့ အခုပြောပြမယ့် အောင်မြင်မှုရဲ့ အခြေခံ သော့ချက် ၃ ချက်ကို လိုက်နာကျင့်သုံးနိုင်ပါတယ်။

(၁) စိတ်ဆန္ဒ ပြင်းပြမှုရှိပါစေ

အောင်မြင်ဖို့အတွက် စိတ်ရဲ့ စွမ်းအားဟာလည်း အဓိကသော့ချက်တစ်ခုပါပဲ။ ဘဝမှာအောင်မြင်ချင်တယ်ဆိုရင် အောင်မြင်မှုအတွက် ပြင်းပြတဲ့ စိတ်ဆန္ဒရှိဖို့ လိုအပ်ပါတယ်။ စိတ်ဆန္ဒ ပြင်းပြင်းပြပြနဲ့ ကြိုးစားမယ်ဆိုရင် လိုချင်တဲ့ ပန်းတိုင်တစ်ခုဆီကို မလွဲမသွေ ရောက်နိုင်မှာပါ။

(၂) စွန့်စားရဲတဲ့ သတ္တိရှိပါစေ

အောင်မြင်ဖို့အတွက် အရေးကြီးဆုံးက စွန့်စွန်းစားစား လုပ်ရဲတဲ့ သတ္တိရှိဖို့ပါပဲ။ ဘဝမှာ ကြီးပွားတိုးတက်ဖို့ ၊ အောင်မြင်ဖို့ဆိုရင် တွေဝေမှုတွေနဲ့ တွန့်ဆုတ်တုန့်ဆိုင်းနေလို့ မရနိုင်ပါဘူး။

ကိုယ်ကိုယ့်ကို ဘယ်လောက်အထိ ကြီးပွားတိုးတက်နိုင်မလဲဆိုတာကို သိနိုင်ဖို့အတွက် ကိုယ့်ရဲ့ ယုံကြည်မှုကို လေ့ကျင့်ပေးပြီး စွန့်စားရဲတဲ့ သတ္တိကို အသုံးချရမှာ ဖြစ်ပါတယ်။ စွန့်စားမှုမရှိရင် အောင်မြင်မှုဆိုတာလည်း မရှိနိုင်ပါဘူး။

(၃) အမှားတွေကနေ သင်ယူပါ

အောင်မြင်မှုနဲ့ ကျရှုံးခြင်းဆိုတာ အမြဲ ဒွန်တွဲနေတာပါ။ အောင်မြင်နေတဲ့ သူတိုင်းဟာ ကျရှုံးမှုတွေကို ကျော်ဖြတ်ခဲ့ရ သူတွေချည်းပါပဲ။ ဒါပေမယ့် အဓိက ကျရှုံးတက်ဖို့ လိုပါတယ်။ တစ်ကြိမ်ကျရှုံးတိုင်းမှာ ကိုယ့်ကို ကျရှုံးစေတဲ့ အမှားတွေကို သင်ယူလေ့လာပြီး အောင်မြင်မှုအတွက် လမ်းကြောင်းကို ပြောင်းလဲတတ်ရမှာ ဖြစ်ပါတယ်။ ‌

အောင်မြင်ချင်ရင် ကျရှုံးမှာမကြောက်ပါနဲ့။ အမှားတွေကနေ အကောင်းဆုံး သင်ယူပြီး အောင်မြင်မှုအတွက် ဆက်လျောက်လှမ်းဖို့ပဲ လိုတာပါ။