သင်က ဒီရာသီခွင်သုံးခုမှာ ပါသည်ဖြစ်စေ မပါဘူးဖြစ်စေ သူများဆီက အာရုံစိုက်ခံစေချင်တဲ့သူတွေကိုတော့ သင်မြင်ဖူးမှာပါ။ သူတို့က တစ်ခါတလေ စိတ်အနှောင့်အယှက်ဖြစ်စေတတ်ပေမယ့် တစ်ခါတစ်လေကျတော့လည်း ချစ်ဖို့ကောင်းနေတတ်ပြန်တယ်ဆိုတာ သင်ငြင်းနိုင်မှာ မဟုတ်ပါဘူးနော်။ သူတို့ပြောစကားတွေကို နားထောင်ပေးမှ ကြိုက်တဲ့သူတွေဖြစ်ပြီး သူတို့ကို Attention ပေးတာမျိုး အမြဲလိုချင်နေတတ်တဲ့သူတွေလည်း ဖြစ်ပါတယ်နော်။

တစ်ခါတစ်လေ သူများတွေကို စိတ်ညစ်စေသလိုဖြစ်စေတတ်ပြီး  သူတို့ကို ပိုပြီးAttention ပေးတာကို လိုလားကြတဲ့ ရာသီခွင်တချို့ကို ပြောပြပေးချင်ပါတယ်နော်။ အဲဒီရာသီခွင်သုံးခုက ဘာတွေလဲဆိုတော့…

၁။ Leo (July 23 ကနေ August 23)

Source: Womenlite

Leo ရာသီဖွားတွေမှာပိုင်ဆိုင်တဲ့ အရာတစ်ခုက သူများတွေကို လွှမ်းမိုးနိုင်တာပါ။ ဒါကြောင့်လည်း သူတို့ကို လျစ်လျူရှုဖို့က တော်တော်ခဲယဉ်းတဲ့ကိစ္စဖြစ်နေတတ်ပါတယ်။ ဒီရာသီခွင်မှာမွေးဖွားသူတွေဟာ သူများအာရုံစိုက်တာကို ရဖို့အတွက် ဒရာမာချိုးတဲ့အလုပ်လည်း ကျွမ်းကျင်ပါတယ်။ သင်က သူတို့အပေါ်အာရုံမစိုက်ခဲ့ရင်တောင် သူတို့က တစ်နည်းနည်းနဲ့ ရအောင်လုပ်မှာပါ။ ဒီလိုပြောလိုက်လို့ Leo က သူငယ်ချင်းကောင်းမဖြစ်နိုင်တော့ဘူးလို့တော့ မထင်ပါနဲ့။ သူတို့က သူတစ်ပါးကို ဂရုစိုက်တတ်တယ်။ ကြင်နာတတ်ပါတယ်။ Leo ရာသီဖွားတွေကတော့ တစ်နည်းနည်းနဲ့ Attention အမြဲယူနေတတ်ပါတယ်။

၂။ Scorpio (October 23 ကနေ November 22)

Source: Wallup.net

သူတို့ကတော့ အာရုံစိုက်ခံရဖို့ကို သိပ်အားထုတ်မနေပါဘူး။ ဘာလို့လဲဆိုတော့ ဒီရာသီဖွားတွေက သင့်စိတ်ထဲဝင်နေတတ်လို့ပါ။ Scorpio ရာသီဖွားတွေဟာ ပျော်ပျော်နေတတ်ကြတယ်။ သူငယ်ချင်းကောင်းတွေဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့ဘဝမှာ မကောင်းတာ တစ်ခုခုဖြစ်တာနဲ့ လောကကြီးက မတရားဘူးဆိုပြီး ဒရာမာစရိုက်ပါတော့မယ်။ ဒီအကြောင်းကို Scorpio မွေးဖွားသူတွေရဲ့ သူငယ်ချင်းတွေ အသိဆုံးဖြစ်မှာပါ။

၃။ Gemini (May 21 ကနေ June 21)

Source: Medium

Gemini ရာသီဖွားတွေက Social ကျတဲ့လူသားတွေပါ။ အာရုံစိုက်ခံနေရရင် အပျော်ကြီးပျော်နေသူတွေလည်းဖြစ်ပါတယ်။ သူတို့ဆီမှာ သူငယ်ချင်းတွေအများအပြားရှိပါတယ်။ Gemini မွေးတဲ့သူကို သူငယ်ချင်းတော်ထားရရင်တော့ တစ်ခါတလေ စိတ်အနှောင့်အယှက်ဖြစ်မှာပါ။ ဘာလို့လဲဆိုတော့ သူတို့ဟာ ဘယ်သူ့ဆီကမှ Attention မရရင် ပေါက်ကရတွေလုပ်တတ်လို့ပါ။ Attention ရဖို့ ခက်ခဲပါစေ ကြိုးပမ်းနေတတ်သူတွေပါ။

သင်ကော ဒီရာသီခွင်သုံးခုထဲ ပါနေပြီလား။ Attention ယူတတ်သူတွေက တစ်ခါတလေကျတော့လည်း စိတ်ညစ်ဖို့ကောင်းပြီး ကလေးဆန်တတ်ပေမယ့် ချစ်ဖို့လည်းကောင်းပါတယ်နော်။

Photo Source: Pinterest