လေ့ကျင့်ခန်းတစ်ခုကို ကယ်လိုရီ ၁၀၀ လောင်ကျွမ်းစေမယ်ဆိုရင် လိုက်လုပ်ကြမှာလားရှင့်။ Gym သွားဖို့ တကူးတက အချိန်မပေးနိုင်ဘူး ၊ ဒါမှမဟုတ် တခါတလေ Gym မသွားဖြစ်ဘူးဆိုရင်လည်း အိမ်မှာ ကိုယ့်ဘာသာကိုယ် ဒီလေ့ကျင့်ခန်း ၃ ခုကို လုပ်ပေးလို့ရပါတယ်နော်။

စမယ်နော်။

၁။ Jumping Jack

Source: Gfycat

ဒီလေ့ကျင့်ခန်းကတော့ နှလုံးခုန်နှုန်းကို မြန်စေပြီး ကြွက်သားထဲ သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။ ခုန်ပေးရမှာပါ။ အခုပုံမှာပြထားသလို ခြေထောက်ကို ကားပြီးလက်ကိုအပေါ်မြောက်လိုက် စုလိုက်ခုန်ပေးရမှာပါ။ သီချင်းမြူးမြူးလေးကို ဖွင့်ပြီးခုန်ပးပါ။ မိနစ် ၂၀ အတွင်း ကယ်လိုရီ ၃၀၀ ကျစေမှာဖြစ်ပါတယ်။ ၅ မိနစ် တစ်ခါနားပြီး ခုန်ပေးလည်းရပါတယ်နော်။

၂။ Burpee

Source: Gfycat

နည်းနည်းတော့ပင်ပန်းမယ်နော်။ ဒီလေ့ကျင့်ခန်းကို တချို့တွေလည်း ရင်းနှီးပြီးသားဖြစ်မှာပါပဲ။ အရင်ဆုံးမတ်တပ်ရပ်မယ်။ ပြီးရင် ဒူးကိုကွေးပြီးလက်နှစ်ဖက်ကို ကြမ်းပြင်အရင်ထောက်မယ်။ ပြီးရင် ခြေထောက်ကို အနောက်ဖက် ပစ်ပြီးဆန့်လိုက်မယ်။ တန်းတန်းဆန့်ပေးရမှာနော်။ ပြီးရင် ဒိုက်တစ်ချက်ထိုးမယ်။ စောစောကလိုပဲ အပေါ်ကို ပြန်ထမယ်။ ပြီးရင်ခုန်မယ်။ ဒီလေ့ကျင့်ခန်းက ၁၀ မိနစ်အတွင်းကို ကယ်လိုရီ ၅၀၀ လောင်ကျွမ်းစေပါတယ်။ ၄ မိနစ် (သို့) ၅ မိနစ် တခါနားနားပြီးလုပ်ပေးလည်းရတယ်နော်။

ရင်ဘတ်နားကကြွက်သားတွေ၊ ဗိုက်ကကြွက်သားတွေ၊ ခြေထောက်ကကြွက်သားတွေအတွက်ကောင်းမွန်သလို တကိုယ်လုံးက ကိုယ်အလေးချိန်လည်းကျစေပါတယ်။

၃။ Jackknife Crunches

Source: Gfycat

ဗိုက်က ကြွက်သားကို အဓိကထားပြီးလုပ်ပေးရမယ်နော်။ အရင်ဆုံး လက်နှစ်ဖက်ကို အနောက်ဆန့် ခြေထောက်ကို တန်းတန်းဆန့်ပြီး ကြမ်းပြင်ကနေ အနည်းငယ်လောက်မထားပါ။ ပြီးရင် အပေါ်ကိုမတင်လိုက်ပြီး ခန္ဓာကိုယ်ကိုလည်း ကြွပေးကာ လက်နှစ်ဖက်နဲ့ ခြေထောက်ကို ထိလိုက်ပါ။မြန်မြန်လေးလုပ်မယ်နော်။ ၁၅ မိနစ်အတွင် ကယ်လိုရီ ၅၀၀ လောင်ကျွမ်းစေပြီး 6 Pack လိုချင်သူတွေအတွက် အထူးသင့်တော်တဲ့လေ့ကျင့်ခန်းပါ။

ပင်တော့ပင်ပန်းပေမယ့် No Pain No Gain ပါပဲ။ နာမည်ကျော်တဲ့ Diet တွေကို လိုက်လုပ်မနေပါနဲ့။ အဲဒီလိုလုပ်တာဟာလည်း ခဏလေးပဲကျပြီး မလုပ်တော့ရင် ပြန်တက်တာပါပဲ။ ပြီးရင်လည်း စားနေကျ အစားအစာတွေထက် လျှော့စားရလို့ အားအင်ချည့်နှဲ့သလို ခံစားကြရပါတယ်။ အခုဆိုရင် နိုင်ငံတကာမှာလည်း အစားလျှော့ပြီး ဝိတ်ချလို့မရဘူးဆိုတာကို လက်ခံလာကြသလို စာဖတ်သူတွေကိုလည်း လက်ခံစေချင်ပါတယ်။ ပုံမှန်စားပါ။ ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ။ စိတ်ဖိစီးမှုကိုလျှော့ချပါ။ အိပ်ရေး၀၀အိပ်ပါ။ ရေများများသောက်ပါ။