ဒီတစ်ခါတော့ နည်းလမ်းတစ်ခုပဲ မျှဝေပေးမှာမဟုတ်ဘူးနော်။ နည်းလမ်း ၃ ခုလောက်ကို မျှဝေပေးမှာပါ။ စာဖတ်သူတို့လည်း သိပြီး ရင်းနှီးပြီးဖြစ်ပြီး သိပ်သတိမမူမိတဲ့ နည်းလမ်းတွေဖြစ်မယ်ထင်ပါတယ်။

ဆံပင်တိုတို ရှည်ရှည် ဆံပင်ပျော့ပျောင်းပြီး တောက်ပြောင်နေတာကို မိန်းကလေးတိုင်းလိုချင်ကြပါတယ်။

ကျန်းမာတဲ့ ဆံသာတွေရဖို့အတွက် အပြင်ပိုင်းမှာ Hair Coat တွေ လိမ်းပေးကြရပါတယ်။ ဒါပေမဲ့ တခြားတစ်ဖက်မှာလည်း ဆံပင်တွေကျွတ်နေတုန်း ခြောက်သွေ့နေတုန်း ဗောက်တွေထနေတုန်းပဲလား။

ကြက်ဥ

Wash Hair with Egg

ကြက်ဥက ဆံနွယ်ကို တောက်ပြောင်သန်စွမ်းစေတဲ့ အကောင်းဆုံး ဆေးစွမ်းတစ်လက်ပါပဲ။ ကြက်ဥမှာ ပရိုတင်း Fatty Acid တွေပါဝင်ပြီး ပျက်ဆီးနေတဲ့ ဆံသားတွေကို ပြုပြင်နိုင်ပါတယ်။

ဘယ်လိုသုံးမလဲ

ကြက်ဥ ၁ လုံး (အကာပဲယူပါ)၊ ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း၊ သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း။

ပါဝင်ပစ္စည်းတွေအားလုံးရောလိုက်ပြီး ဆံသားပေါ်မှာ လိမ်းပေးပါ။ မိနစ် ၃၀ လောက်ထားပြီးရင် ခေါင်းလျှော်ရည်နဲ့ လျှော်ချပါ။

ဘီယာ

ဘီယာက ဆံသားတွေကို ပြုပြင်ထိန်းသိမ်းရာမှာ တကယ်ကို ကောင်းမွန်တဲ့ပါဝင်ပစ္စည်းတစ်မျိုးပါပဲ။ ဘီယာမှာ ပရိုတင်းဓါတ်တွေပါဝင်ပြီး ပျက်ဆီးနေတဲ့ ဆံသားတွေကို ပြုပြင်ပေးနိုင်ပါတယ်။

ဘယ်လိုသုံးမလဲ

အရင်ဆုံး ခေါင်းကို ရေစိုအောင်လုပ်လိုက်ပါ။ ပြီးရင် ဘီယာထည့်ပါ။ အဲဒီနောက် ဦးရေပြားထဲ ဘီယာစိမ့်ဝင်သွားအောင် လက်နဲ့ သေချာလေးဖိနှိပ်ပေးပါ။ ၅ မိနစ်လော်ကထားပြီးရင် ခေါင်းလျှော်ချပါ။ ၂ ပတ်ကို ၁ ကြိမ်လုပ်ပါ။

အုန်းဆီ

အန်းဆီကတော့ ဆံကေသာအလှအတွက် စာဖတ်သူတို့ရင်းနှီးပြီးသားဖြစ်မှာပါ။

ပြုလုပ်နည်း

အုန်းဆီကို အပူအနည်းငယ်ပေးပြီး အုန်းဆီနွေးနွေးလေးကို ဦးရေပြားနဲ့ ဆံသားပေါ်မှာ လိမ်းပေးထားပါ။ ပြီးရင် တဘက် (သို့) Shower Cap စောင်းပေးထားပါ။

မိနစ် ၃၀ လောက်ထားပြီးမှ ခေါင်းလျှော်ချပါ။