Plastic Surgery လုပ်ခြင်းဆိုတာ ယနေ့ခေတ်မှာ တော်တော်များများ လုပ်လာကြပါတယ်။ အထူးသဖြင့် အမျိုးသမီးတော်တော်များများက အပေါ်ယံရုပ်အလှကို အသားပေးလာတာကြောင့် သူ့ထက်ငါအပြိုင်ဆိုင် Surgery လုပ်ဖို့ ဝန်မလေးကြတော့သလို အမျိုးသားတွေအနေနဲ့လည်း အကြောင်းအမျိုးမျိုးကြောင့် Surgery လုပ်လာကြတာပဲ ဖြစ်ပါတယ်။

ဒါဆိုရင် အခုခေတ်ကြီးထဲမှာ ဘယ်လိုခန္ဓာကိုယ် အစိတ်အပိုင်းတွေကို အများစု ခွဲစိတ်ပြုပြင်ကြလဲဆိုတာ လေ့လာကြည့်ရအောင်။

(၁) နှာခေါင်းခွဲစိတ်မှု

နှာခေါင်း ချွန်လို့ ကြီးလို့ ဝိုင်းလို့ ပြားလို့ စသဖြင့် အကြောင်းအမျိုးမျိုးနဲ့ နှာခေါင်းကို ပြင်ကြပါတယ်။ လှသွားသူတွေလည်း ရှိသလို တချို့ကျတော့လည်း လှချင်လို့ပြင်ကာမှ ပိုဆိုးသွားတာတွေလည်း ရှိပါတယ်။

(၂) ဆံပင်စိုက်ခွဲစိတ်မှု

ထိပ်ပြောင်လို့ စိတ်မညစ်မနေပါနဲ့။ အများစုဟာ အသက်အရွယ်ရလာတဲ့အခါ ဦးခေါင်းထိပ်ပိုင်းမှာ ဆံပင်တွေ ပါးလာလေ့ရှိကြပါတယ်။

ဆံပင်ဆိုတာ လူတစ်ယောက်ရဲ့ ဒုတိယမျက်နှာဆိုတဲ့အတိုင်း ထိပ်ပြောင်လာရင် ကိုယ့်ကိုယ်ကို ယုံကြည်မှု ကျဆင်းကြတာကြောင့် ဆံပင်စိုက်တဲ့ ခွဲစိတ်မှုဟာ အခုခေတ် လူအများစုကြား ရေပန်းစားနေတဲ့ ကုထုံးတစ်ခုဖြစ်ပါတယ်။

(၃) မျက်ရစ်ခွဲစိတ်မှု

မိန်းကလေးအများစုမှာ မျက်နှာနဲ့ပတ်သက်ပြီး စိတ်အလိုမကျဖြစ်စေတဲ့ အရာကတေ့ာ မျက်အိတ်တွဲခြင်း ဖြစ်ပါတယ်။ မျက်အိတ်တွဲလာခြင်းဟာ သင့်ကိုအချိန်တိုင်းပင်ပန်းညှိုးနွမ်းနေသယောင် ဖြစ်စေပါတယ်။

ဒီအချက်ဟာ သူတို့ရဲ့နေ့စဉ်ဘဝမှာ သူတို့ရဲ့ Image ကို အနည်းနဲ့အများကျဆင်းစေနိုင်တယ်လို့ ခံစားလာရတာကြောင့် နောက်ဆုံးမှတော့ မျက်ရစ် ခွဲစိတ်ကုသမှုတွေ ပြုလုပ်လာကြတာဖြစ်ပါတယ်။