ဗိုက်ချပ်ချင်ပေမယ့် လေ့ကျင့်ခန်းလုပ်ရမှာ အရမ်းပျင်းတဲ့သူတွေရှိပါတယ်။ လေ့ကျင့်ခန်းလုပ်ရမှာ ပျင်းတယ်ဆိုရင် ယောဂပြောင်းလုပ်ကြည့်ပါလို့ အကြံပြုပါတယ်။ ယောဂကျင့်တာက ခက်တာလည်းရှိသလို လွယ်တာလည်း ရှိပါတယ်။ ဒီတော့ ငပျင်းလေးတွေအတွက် အဆင်ပြေအောင် ဗိုက်ချပ်စေဖို့ ကူညီပေးမယ့် လွယ်ကူသော ယောဂကျင့်စဉ်တွေကို မျှဝေပေးလိုက်ပါတယ်။

Cobra Pose

ပုံမှာလုပ်ပြထားတဲ့အတိုင်း စက္ကန့် ၃၀ နေပေးရင် ရပါပြီ။ အချိန်ရတဲ့အခါ စက္ကန့် ၃၀ ကနေ ၁ မိနစ် တိုးလုပ်လည်း ရပါတယ်။

Seated Forward Bend Pose

ပုံမှာလုပ်ပြထားတဲ့အတိုင်း ခြေထောက်နှစ်ချောင်းကိုဆင်းပြီး နဖူးကို ခြေထောက်နဲ့ထိနိုင်အောင် လုပ်ကြည့်ပါ။ အဲ့အတိုင်း ၁ မိနစ် နေပေးရပါမယ်။

Plank Pose

ဗိုက်ချပ်ဖို့အတွက်ဆိုရင် Plank ထောက်တာကတော့ မပါမဖြစ်ပါပဲ။ အဲ့အတိုင်း ကြာကြာနေနိုင်လေ ကောင်းလေပါပဲ။ အနည်းဆုံးတော့ ၁ မိနစ် ရအောင် နေပေးပါ။

Downward-Facing Dog Pose

ခြေထောက်ကို နည်းနည်းကားပြီး ပုံမှာလုပ်ပြထားတဲ့ အနေအထားအတိုင်း ရအောင်လုပ်ပေးပါ။ အဲ့အတိုင်း အနည်းဆုံး ၁ မိနစ်မှ ၃ မိနစ်အထိ နေပေးရပါမယ်။

Camel Pose

ပုံမှာလုပ်ပြထားတဲ့ အနေအထားအတိုင်း ၁ မိနစ်နေပေးရပါမယ်။ လက်က ခြေဖနောင့်ကို ထိထားရပါမယ်။ ခါးကို ကိုယ်အဆင်ပြေသလောက် အနောက်လန်ပေးပါ။ လုပ်ရင်းနဲ့မှ အကြောပျော့သွားပါလိမ့်မယ်။

Boat Pose

ပုံမှာလုပ်ပြထားတဲ့ Boat Pose အနေအထားနဲ့လည်း ၁ မိနစ်လောက်ရအောင် နေပေးပါ။

Bow Pose

ပုံမှာလုပ်ပြထားသလို ခြေထောက်ကိုကွေးပြီး လက်က ခြေထောက်နှစ်ဖက်ကို ကိုင်ထားပေးပါ။ အဲ့အတိုင်း ၁ မိနစ်ရအောင် နေပေးရင် ရပါပြီ။