လက်သည်းကို ဒီဇိုင်းပုံဖော်တာမျိုးတွေ မလုပ်ချင်တော့တဲ့သူတွေအတွက် ဆိုးသင့်တဲ့ လက်သည်းနီအရောင် လှလှလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ တစ်ခါတစ်လေကျရင် လက်သည်းပုံဖော်ရတာ ရိုးလာတဲ့အခါ ဒီလိုအရောင်လေးတွေဆိုးတာက အမြင်ပြောင်းပြီး လှနေပါလိမ့်မယ်။

နှစ်ရောင်စပ်ဆိုးထားတဲ့ ဒီလက်သည်းနီအရောင်လေးကတော့ ဘိုဆန်ပြီး အရမ်းလှပါတယ်။ အရောင်ငြိမ်တာကြောင့် လူကြီးလူငယ် အားလုံးနဲ့လည်း လိုက်ဖက်ပါတယ်။

လက်သည်းဒီဇိုင်းတွေ ပုံဖော်တာများနေပြီဆိုရင် လက်သည်းနီအရောင်ကို ဒီလိုအရောင်နုနုလေးပဲ ပြောင်းဆိုးကြည့်ပါ။ ရှင်းရှင်းလေးနဲ့ လှနေပါလိမ့်မယ်။

Glitter လက်သည်းနီလေးတွေကို ဒီလိုအရောင်လေးတွေမတူအောင် တစ်ချောင်းတစ်ရောင်ဆိုးတာလည်း လူငယ်ဆန်ပြီး လှပါတယ်။ အရောင်လေးတွေကလည်း ငြိမ်တော့ ပိုလှပါတယ်။

ဘယ်အချိန်ကြည့်ကြည့် ထင်းပြီးလှနေမယ့် လက်သည်းနီအရောင်လေးပါ။ Glitter လေးပါတော့ ပိုလှတာပေါ့။

လူကြီးလူငယ်အားလုံးနဲ့လိုက်ဖက်တဲ့ နောက်ထပ်လက်သည်းနီအရောင်လေးပါ။ မိန်းကလေးဆန်ပြီးငြိမ်တဲ့ အရောင်လေးပါ။

ဒီလိုအဝါရောင်လေးကတော့ ကြည့်လိုက်တာနဲ့ ထင်းပြီးလှနေမှာပါ။ ဆောင်းရာသီ၊ နွေရာသီတွေနဲ့ အရမ်းလိုက်ဖက်တဲ့ အရောင်လေးပါပဲ။

လူငယ်ကောင်မလေးတွေဆိုးသင့်တဲ့ လက်သည်းနီအရောင်လေးပါ။ လင်းထင်းပြီး လူငယ်ဆန်ဆန်နဲ့ အရမ်းလှတယ်နော်။

Glitter လက်သည်းနီဆိုးမယ်ဆိုရင် ဘာအရောင်ဆိုးရမှန်းမသိဖြစ်နေရင် ဒီအရောင်လေးသာ ဆိုးချလိုက်ပါ။ အသားဆောင်ပြီး အရမ်းလှပါတယ်။

လက်လေးပိုဖြူပြီး ပေါ်လွင်သွားစေမယ့် လက်သည်းနီအရောင်လေးပါ။ အသားဆောင်ပြီး အရမ်းလှပါတယ်။

နှစ်ရောင်စပ်ဆိုးထားတာလေးက ငြိမ်ပြီးဘိုဆန်ပါတယ်။ လက်သည်းပုံမဖော်ချင်ရင် ဒီလိုလေးလည်းဆိုးကြည့်နော်။