အားလုံးပဲမင်္ဂလာပါနော်။ Thor လို့ ပရိသတ်တွေကြားမှာ ရေပန်းစားတဲ့ Chris Hemsworth ကို တကူးတက မိတ်ဆက်ပေးစရာလိုမယ်မထင်ပါဘူး။

စာဖတ်သူတွေထဲမှာလည်း သူ့ရဲ့ ပရိသတ်တွေ ဖန်တွေရှိနေမယ်လို့ ယုံကြည်ပါတယ်နော်။

Chris Hemsworth ရဲ့ နာမည်အပြည့်အစုံကတော့ Christopher Hemsworth ဖြစ်ပြီး သြစတြေးလျနိုင်ငံသားဖြစ်ပါတယ်။

သူ့ကို ၁၉၈၃ ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့က မွေးဖွားခဲ့တာဖြစ်ပါတယ်။ အရပ်အမြင့်ကတော့ ၁.၉ မီတာ (၆ပေ ၂ လက်မကျော်) ရှိပါတယ်။ လက်ရှိမှာ ကလေး (၃) ယောက်ရဲ့ ဖခင်တစ်ဦးဖြစ်ပြီး သာယာတဲ့ မိသားစုကို တည်ဆောက်ထားသူပါ။

သြစတြေးလျ ရုပ်သံဇာတ်လမ်းတွဲဖြစ်တဲ့Home and Away မှာလည်း လူသိများသလို ၊ Thor ဇာတ်ကောင်နဲ့လည်းလူသိများပါတယ်။

Hollywood ကိုတော့ Star Trek ဇာတ်ကားနဲ့ ပထမဆုံး ရိုက်ကူးခဲ့ပြီး Marvel နဲ့ ကတော့၂၀၁၁ ခုနှစ်ကတည်းက လက်တွဲခဲ့တာဖြစ်ပါတယ်။

အခုဆိုရင် ကမ္ဘာနဲ့အဝှမ်းမှာ မသိသူ ရှားနေပါပြီနော်။

ဘော်ဒီကလည်း အမိုက်စားဆိုတော့ ဘာဝတ်ဝတ်လိုက်ဖက်ပြီးသားပါ။ Chris Hemsworth ရဲ့ဖက်ရှင်တွေကို မျှဝေပေးလိုက်ပါတယ်နော်။

Photo: www.pinterest.com