Hangover ဖြစ်တဲ့အခါမှာ တချို့က ခဏလေးနဲ့ပျောက်ပေမယ့် တချို့ကျတော့ တစ်ရက်၊ နှစ်ရက်လောက် ကြာနေတာမျိုးလည်း ရှိပါတယ်။ ဒီလိုအချိန်မှာ အိပ်ယာထဲပဲ ခွေခေါက်နေမယ့်အစား မြန်မြန်လန်းဆန်းသွားအောင် Hangover အိမ်မှာအလွယ်တကူလုပ်လို့ရအောင် Hangover ဖြစ်နေတာကို သက်သာသွားစေမယ့် Yoga Pose တွေ မျှဝေပေးလိုက်ပါတယ်။

Cobbler Pose

ပုံမှာလုပ်ပြထားတဲ့အတိုင်း ၂ မိနစ်လောက် နေပေးပါ။ အဲ့လိုနေတဲ့အချိန်မှာ အသက်ကို ဖြေးဖြေးချင်းစီ ရှူသွင်းလိုက်၊ ရှူထုတ်လိုက်နဲ့ လုပ်ပေးရပါမယ်။

Cat-Cow Pose

ပထမပုံထဲကလို ကျောကိုကုန်းလိုက်၊ ပြီးရင် ဒုတိယပုံထဲကလို ကျောကိုကော့လိုက်နဲ့ လုပ်ပေးရမှာပါ။ အမြန်မလုပ်ပဲ ဖြေးဖြေးချင်းစီပဲ လုပ်သွားပေးပါ။ အနည်းဆုံး ၁၀ ကြိမ် လုပ်ပေးရပါမယ်။

Child Pose

ပုံမှာလုပ်ပြထားတဲ့ Child Pose အနေအထားအတိုင်းလုပ်ပြီး စက္ကန့် ၃၀ နေပေးရုံပါပဲ။ ၁ မိနစ်နေချင်းလည်း ရပါတယ်။ ဒီလိုနေတဲ့အချိန်မှာ အသက်ကို ရှိုက်ရှူလိုက်၊ ရှူထုတ်လိုက်နဲ့ လုပ်နေပေးပါ။

Boat Pose

ပုံမှာလုပ်ပြထားတဲ့ အနေအထားနဲ့ ၁၀ စက္ကန့်နေပေးပါ။ အဲ့လိုနေတဲ့အချိန်မှာ အသက်ကိုရှူသွင်းလိုက်၊ ခပ်ပြင်းပြင်းရှူထုတ်လိုက်နဲ့ လုပ်ပေးပါ။ အချိန်ပြည့်ရင် ခြေထောက်ပြန်ချ၊ ပြီးရင် နောက်တစ်ခေါက်အဲ့လိုပဲ ၁၀ စက္ကန့်နေပြီး ထပ်လုပ်ပေးပါ။

Garland Pose

Garland Pose ကတော့ ပုံမှာလုပ်ပြထားသလို ထိုင်ပေးရမှာပါ။ ထိုင်တဲ့အခါမှာ တင်ပါးကို ကြမ်းတဲ့ထိတဲ့အထိ မထိုင်ချမိအောင် ဂရုစိုက်ပေးပါ။ အဲ့အတိုင်းနေပြီး အသက်ရှူသွင်းရှူထုတ် ပုံမှန်လုပ်ပေးပါ။ စက္ကန့် ၃၀ နေပေးရင် ရပါပြီ။