ယောဂကျင့်ပေးတာက စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ အများကြီး အထောက်အကူပြုပါတယ်။ ဒီယောဂကျင့်စဉ်တွေဆိုရင် စိတ်ရောကိုယ်ပါကျန်းမာပြီး ကိုယ်ခံအားစနစ်လည်း ပိုကောင်းလာစေမယ့် ယောဂကျင့်စဉ်တွေဖြစ်တာကြောင့် လူတိုင်းလုပ်သင့်ပါတယ်။

Triangle Pose

ပုံမှာလုပ်ပြထားတဲ့အတိုင်း ခြေထောက်၊ ခါး၊ လက် အားလုံးကို ဆန့်တန်းထားပြီး စက္ကန့် ၃၀ နေပေးရမှာပါ။ အချိန်ပြည့်ရင် နောက်တစ်ဖက်ကိုပြောင်းပြီး စက္ကန့် ၃၀ ထပ်နေပေးပါ။ ကိုယ်ခံအားစနစ်ပိုကောင်းလာစေပြီး အညောင်းအညာပြေစေတယ်၊ စိတ်ရောကိုယ်ပါ Relax ဖြစ်စေပါတယ်။

Revolved Chair Pose

ပုံမှာလုပ်ပြထားတဲ့အတိုင်း ၁၅ စက္ကန့်နေပြီး အချိန်ပြည့်ရင် ပုံမှန်အတိုင်းပြန်နေ၊ ပြီးရင် နောက်တစ်ဖက်ကိုလှည့်ပြီး အဲ့အတိုင်း ၁၅ စက္ကန့် ထပ်နေပေးပါ။ ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို ၅ ကြိမ်လောက် လုပ်ပေးပါ။

Happy Baby Pose

အလွယ်ကူဆုံး ယောဂကျင့်စဉ်ပါ။ ပုံမှာလုပ်ပြထားတဲ့အတိုင်း စက္ကန့် ၆၀ နေပေးပါ။ စိတ်ရောကိုယ်ပါ Relax ဖြစ်စေပြီး Stress တွေလည်း လျော့ကျစေပါတယ်။ ကိုယ်ခံအားနစ်လည်း ပိုကောင်းလာအောင် ကူညီပေးပါတယ်။

Standing Backbend

ပုံမှာလုပ်ပြထားသလို ခြေထောက်ကိုလည်း ဆန့်၊ ခါးကိုလည်း အနောက်ကိုလန်ပြီး လက်နှစ်ဖက်ကိုလည်း သေချာဆန့်ထားပါ။ အဲ့အတိုင်း စက္ကန့် ၃၀ နေပြီး အသက်ကို ခပ်ပြင်းပြင်းလေး ရှိုက်ရှူလိုက်၊ ပြန်ထုတ်လိုက်နဲ့ လုပ်ပေးပါ။ အညောင်းအညာပြေပြီး ခါးနားတာလည်း သက်သာစေတယ်၊ စိတ်ကိုလည်း Relax ဖြစ်စေပါတယ်။

Sphinx Pose

ပုံမှာပြထားတဲ့အတိုင်းနေပြီး နှာခေါင်းကနေ လေရှူသွင်းပြီး ပါးစပ်ကနေ လေပြန်ထုတ်ပေးပါ။ အဲ့အတိုင်း အနည်းဆုံး စက္ကန့် ၆၀ လုပ်ပေးပါ။ အာရုံကြောစနစ်ကို ပိုမိုကောင်းမွန်လာစေပြီး စိုးရိမ်ပူပန်မှုတွေနဲ့ စိတ်ဖိစီးမှုတွေလည်း ပြေပျောက်စေပါတယ်။