ကျစ်လစ်လှပတဲ့ လက်မောင်းလေးတွေ ပိုင်ဆိုင်ချင်တဲ့သူတွေအတွက် Weight တုံးမပါပဲ အိမ်မှာလုပ်လို့ရတဲ့ Workout တွေကို မျှဝေပေးလိုက်ပါတယ်။ ဒီ Workout တွေကိုလုပ်တဲ့အခါမှာ ယောဂဖျာနဲ့လုပ်ပေးသင့်ပါတယ်။

Tripod Pushup

ခြေဖဝါးထောက်ထားပြီး လက်ဖဝါးကိုလည်း ထောက်ထားပါ။ ပြီးရင် တံတောင်ဆစ်ကိုကွေးလိုက်၊ လက်ပြန်ဆန့်လိုက် လုပ်ရမှာပါ။ ခြေဖဝါးက ထောက်ထားတဲ့အနေအထားပဲ ဖြစ်နေရပါမယ်။ အဲ့အတိုင်း ၁၀ ကြိမ်လုပ်ပေးပါ။

Triceps Circle

ဒူးထောက်ထားပြီး လက်ဖဝါးနှစ်ဖက်လုံးကိုလည်း ထောက်ထားပါ။ ပြီးရင် ပုံမှာလုပ်ပြထားတဲ့ အနေအထား ၃ မျိုးကို ဆက်တိုက်လုပ်သွားရပါမယ်။ ၃ မျိုးလုံးပြီးမှ ၁ ကြိမ်လို့သတ်မှတ်ပြီး စုစုပေါင်း ၁၀ ကြိမ်လုပ်ပေးပါ။

Incline Pushups

လက်ဖဝါးထောက်မယ့်နေရာမှာ ခုံအနိမ့်လေးတစ်လုံးထားပြီး အဲ့ပေါ်ကို လက်ထောက်ပါမယ်။ ပုံမှာလုပ်ပြထားတဲ့အတိုင်း ဒိုက်ထိုးသလိုလုပ်ပေးရမှာပါ။ အနည်းဆုံး ၁၀ ကြိမ်လုပ်ပေးပါ။

Triceps Dip

အနောက်မှာ ခုံအနိမ့်လေးထားပြီး ပုံမှာလုပ်ပြထားတဲ့အတိုင်း လက်ကိုပဲအထိကအားထည့်သုံးပြီး လက်ကွေးလိုက်၊ဆန့်လိုက် လုပ်ပေးရမှာပါ။ လက်ထောက်ထားတဲ့အနေအထားပုံစံက ပုံမှာပြထားတဲ့အတိုင်း ဖြစ်ရပါမယ်။ အဲ့အတိုင်း ၁၀ ကြိမ် လုပ်ပေးပါ။

Superman To Pulldown

Weight တုံးမသုံးတဲ့အတွက် မျက်နှာသုတ်ပုဝါအသေးလေးကို သုံးပါမယ်။ ပုံမှာလုပ်ပြထားသလို လက်နှစ်ဖက်နဲ့ကိုင်ထားပြီး ခြေထောက်နှစ်ဖက်ကို အနောက်ကိုဆန့်ကာ နည်းနည်းမြှောက်ထားပါ။ အဲ့လိုခြေထောက်မြှောက်ထားတဲ့ အနေအထားနဲ့ လက်နှစ်ဖက်ကို အရှေ့ဆန့်ထုတ်လိုက်၊ ရင်ဘတ်နားကိုပြန်ထားလိုက်နဲ့ ၂ ကြိမ်လုပ်ပေးပါ။ ပြီးမှ ခြေထောက်ကိုပြန်ချပါ။ လက်ကိုအားထည့်ပြီး သေချာလုပ်ပေးရပါမယ်။ အဲ့အတိုင်း အနည်းဆုံး ၁၀ ကြိမ် လုပ်ပေးရပါမယ်။

Plank With Shoulder Tap

Plank ထောက်ထားတဲ့ အနေအထားနဲ့နေပြီး ဘယ်လက်က ညာပခုံးကိုထိုက်လိုက်၊ ပြန်ချလိုက်၊ ညာလက်က ဘယ်ပခုံးကိုထိလိုက်၊ ပြန်ချလိုက်နဲ့ ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို ၁၀ ကြိမ်စီ လုပ်ပေးရမှာ ဖြစ်ပါတယ်။