Relationship တစ်ခုမှာ ချစ်သူကောင်မလေးဘက်က စိတ်ဆိုးနေတဲ့အချိန်မှာ ကောင်လေးတွေအနေနဲ့ မပြောသင့်တဲ့စကားတွေရှိပါတယ်။ ရန်ဖြစ်စကားများကြတဲ့အခါ၊ ချစ်သူကောင်မလေးက စိတ်ဆိုးနေတဲ့အခါ မြန်မြန်ပြေလည်ချင်တယ်ဆိုရင်တော့ ဒီစကားတွေကို မပြောမိဖို့ လိုပါတယ်။

အပြစ်တင်ပြောဆိုတာ

ချစ်သူကောင်မလေးဘက်က စိတ်ဆိုးနေတဲ့အချိန်မှာ သူ့ကို အပြစ်တွေပြောတာမျိုး၊ အရင်ကအကြောင်းအရာတွေ၊ သူမှားခဲ့ဖူးတာတွေကိုပါ ပြောပြီး သူ့အပြစ်တွေ ပြန်ပြောတာမျိုး မလုပ်ပါနဲ့။ မြန်မြန်ပြေလည်ချင်ရင် ချော့သာချော့ပါ။ အပြစ်တွေပြန်ရှာပြောနေမယ်ဆိုရင်တော့ အခြေအနေက ပိုဆိုးလာရုံပဲရှိပါတယ်။

အနိုင်ယူပြောဆိုတာ

ချစ်သူကောင်မလေးဘက်က စိတ်ဆိုးနေတဲ့အချိန်မှာ ပြန်မချော့ပဲ သူပြောသမျှကို တစ်ခွန်းမကျန် အနိုင်ယူပြီး ပြန်ပြောတာ၊ တစ်ခုခုဆို လုံးဝအလျော့မပေးပဲ အနိုင်ယူပြီး စကားအခြေအတင်ပြောတာတွေက ပြဿနာတွေပိုကြီးသွားစေသလို၊ စိတ်ဆိုးတဲ့အချိန်လည်း ပိုကြာသွားပါလိမ့်မယ်။

တခြားမိန်းကလေးနဲ့ယှဉ်ပြောတာ

တချို့တွေကျတော့ ချစ်သူကောင်မလေးစိတ်ဆိုးပြီဆိုရင် ချော့ကြတယ်။ ဒါပေမယ့် စိတ်မရှည်တော့တဲ့အခါမျိုးမှာ တခြားမိန်းကလေးနဲ့ ယှဉ်ပြောတာမျိုးတွေကို လုပ်တတ်ကြပါတယ်။ ကောင်မလေးဘက်က စိတ်ဆိုးနေတာကို တခြားမိန်းကလေးတစ်ယောက်နဲ့ ယှဉ်ပြောတာမျိုးက လုံးဝမလုပ်သင့်ပါဘူး။ ဒီလိုပြောလိုက်ရင် တစ်ဖက်ကလူလည်း ဝမ်းနည်းပြီး အဆင်မပြေပိုဖြစ်နိုင်ပါတယ်။

အော်ငေါက်ပြောဆိုတာ

တချို့ယောင်္ကျားလေးတွေကျတော့ ချစ်သူကောင်မလေးစိတ်ဆိုးပြီဆိုရင် ခဏလောက်ချော့ကြတယ်။ မရတော့ရင် သူတို့ပါပြန်စိတ်ဆိုး၊ ဒေါသထွက်ပြီး အော်ငေါက်တာမျိုးတွေ လုပ်တတ်ကြပါတယ်။ ဒီလိုအော်ငေါက်တာမျိုးကတော့ တစ်ဖက်လူစိတ်ဆိုးနေတဲ့အချိန်မှာ မလုပ်သင့်ပါဘူး။