သင့်ရဲ့ချစ်သူ (သို့) သူငယ်ချင်းတစ်ယောက်ယောက်က ဝမ်းနည်းနေပြီဆိုရင် သူတို့အတွက် စိတ်သက်သာရာရပြီး ဝမ်းနည်းနေတာတွေ၊ ခံစားနေတာတွေ သက်သာသွားအောင် ဒီနည်းလမ်းတွေနဲ့ ကူညီပေးလို့ရပါတယ်။

တစ်ယောက်ထဲမပစ်ထားပါနဲ့

ဝမ်းနည်းနေတဲ့သူတွေက တစ်ယောက်ထဲပဲ နေချင်ကြတာများပါတယ်။ ဒါပေမယ့် တစ်ယောက်ထဲနေရင် သူတို့အတွက် ခံစားနေရတာတွေ၊ ဝမ်းနည်းနေတာတွေက ပိုဆိုးလာမှာပါ။ ဒါကြောင့် သူတို့ကို တစ်ယောက်ထဲပစ်မထားပါနဲ့။ စကားသွားပြောပေးပါ။ အဆက်အသွယ်အမြဲလုပ်နေပေးပါ။

အားပေးစကားပြောပါ

ဝမ်းနည်းနေတဲ့သူတွေကို အားပေးစကားပြောပေးပါ။ သူတို့ပြောတာတွေ၊ ရင်ဖွင့်တာတွေကို တကယ့်စိတ်ရင်းမှန်နဲ့ သေချာအာရုံစိုက်ပြီး နားထောင်ပေးပါ။ အကြံပေးပါ။ အားပေးနှစ်သိမ့်ပေးပါ။ အားတက်စေမယ့်အရာတွေပြောပြီး စကားလုံးတွေနဲ့ ခွန်အားပေးပါ။

အပြင်ခေါ်ထုတ်ပါ

ဝမ်းနည်းနေတဲ့ချစ်သူပဲဖြစ်ဖြစ်၊ သူငယ်ချင်းပဲဖြစ်ဖြစ်ရှိရင် အပြင်ခေါ်ထုတ်ပြီး မုန့်လိုက်ကျွေးပါ။ ပျော်စရာကောင်းမယ့်နေရာလေးတွေ ခေါ်သွားပေးပါ။ သူတို့နဲအဖော်လုပ်ပေးပါ။ တစ်ယောက်ထဲပေးနေတာထက်စာရင် ကိုယ်ကအဖော်လုပ်ပြီး အပြင်တွေ တူတူလျှောက်သွားပေးတော့ သူလည်းစိတ်သက်သာရာရပြီး စိတ်ပျော်ရွှင်မှုရစေပါတယ်။

ပျော်ရွှင်စေမယ့်အရာတွေဖန်တီးပေးပါ

ကိုယ်ချစ်ခင်ရတဲ့သူတွေ ဝမ်းနည်းနေရင်ပဲဖြစ်ဖြစ်၊ စိတ်ဓာတ်ကျနေရင်ပဲဖြစ်ဖြစ်၊ နာကျင်ခံစားနေရရင်ပဲဖြစ်ဖြစ် သူတို့ပျော်ရွှင်စေမယ့်အရာလေးတွေကို ဖန်တီးပေးပါ။ အရင်က သူတို့လုပ်ချင်တယ်ပြောဖူးတာလေးတွေကို လုပ်ပေးတာပဲဖြစ်ဖြစ်၊ လိုချင်တဲ့အရာလေးတွေကို ပေးလိုက်တာပဲဖြစ်ဖြစ် လုပ်ပေးလို့ရပါတယ်။

ဂရုစိုက်ပေးပါ

ဝမ်းနည်းနေတဲ့သူပဲဖြစ်ဖြစ်၊ စိတ်ဓာတ်ကျနေတဲ့သူပဲဖြစ်ဖြစ် အားငယ်စိတ်ဝင်ပါတယ်။ ဒါကြောင့် သူတို့ကို ကိုယ့်ရဲ့ဂရုစိုက်မှုတွေဖော်ပြပြီး ဂရုစိုက်ပေးပါ။ ကြင်နာပေးပါ။ သူတို့ဘေးမှာ ကိုယ်ရှိတယ်ဆိုတာကို သိအောင်ပြောပြပါ။ ဒါမှအားရှိပြီး စိတ်သက်သာရာရစေမှာပါ။ အားရှိပြီး စိတ်ပျော်ရွှင်မှု နည်းနည်းလောက်ပဲဖြစ်ဖြစ် ရသွားစေပါတယ်။