တော်တော်များများက အလုပ်မှာ Stress တွေ ရှိကြတာပါပဲ။ Stress ရှိရင် လျော့အောင် လုပ်ရပါမယ်။ အလုပ်ပင်ပန်းရတဲ့ကြားထဲ Stress ပါပိနေရင် လူရောစိတ်ပါပင်ပန်းစေပါတယ်။ ဒါကြောင့် အတတ်နိုင်ဆုံး အလုပ်မှာ Stress မရှိအောင်နေနိုင်မယ့် နည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။

သင့်တစ်နေ့တာအတွက် Plan ဆွဲပါ

နေ့တိုင်း တစ်နေ့တာအတွက်လုပ်ရမယ့်အရာတွေကို Plan ဆွဲတတ်တဲ့အကျင့်လေးလုပ်ပါ။ Plan ဆွဲပြီး တစ်ခုချင်းစီ အချိန်နဲ့လုပ်သွားတာက အလုပ်လည်း မြန်မြန်ပြီးသလို အလုပ်လည်းမပုံတော့တဲ့အတွက် စိတ်ဖိစီးမှုနဲ့ Stress တွေ လျော့နည်းစေပါတယ်။

အချိန်နဲ့လုပ်ပါ

Plan ဆွဲပြီးရင် အချိန်နဲ့ အလုပ်လုပ်ပါ။ အခုမလုပ်ချင်သေးလို့ နောက်မှစုလုပ်မယ်ဆိုရင် အလုပ်တွေပုံသွားတာပဲရှိပါတယ်။ အချိန်တန်ရင် လုပ်ရမှာပါပဲ။ ဒါကြောင့် ကိုယ်လုပ်ရမယ့်အလုပ်ကို အချိန်နဲ့ သေချာလုပ်ပါ။ Deadline နီးမှလုပ်တဲ့အကျင့်ကို ပြင်ရပါမယ်။ Deadline နီးမှ အလုပ်လုပ်တာက Stress အရမ်းပိပါတယ်။

အလုပ်ကလူတွေနဲ့အဆင်ပြေအောင်နေပါ

ဒီအချက်က အရေးကြီးပါတယ်။ အလုပ်က ဘယ်လောက်ပဲအဆင်ပြေနေပါစေ။ အလုပ်ကလူတွေနဲ့ အဆင်မပြေရင် စိတ်ညစ်ရပါတယ်။ ဒါကြောင့် Boss နဲ့ပဲဖြစ်ဖြစ်၊ အထက်လူကြီးနဲ့ပဲဖြစ်ဖြစ်၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ပဲဖြစ်ဖြစ် အားလုံးနဲ့ အဆင်ပြေအောင်နေပါ။ စိတ်ထဲဘာမှသိပ်မထားပါနဲ့။ မတွေးပါနဲ့။ ရေလိုက်ငါးလိုက်သာ အဆင်ပြေအောင်နေပါ။

အနားပေးပါ

အလုပ်ကြီးပဲ ဆက်တိုက်လုပ်နေရင်လည်း Stress ဖြစ်စေပါတယ်။ အချိန်နဲ့ အလုပ်လုပ်ပြီး ၁၅ မိနစ်လောက်နားတာမျိုး၊ ခဏ Relax လုပ်တာမျိုးတွေ လုပ်ပေးပါ။ အလုပ်နားရက်တွေမှာဆိုလည်း အေးအေးဆေးဆေး အနားယူပြီး စိတ်ပျော်အောင်နေပါ။ ဒါဆိုရင်တော့ အလုပ်မှာ Stress မရှိသလောက် ဖြစ်သွားပါလိမ့်မယ်။

photo source:www.freepik.com