မျက်တောင်တိုလို့ ရှည်ချင်တဲ့သူတွေနဲ့ မျက်တောင်ကို ဒီထက်ပိုပြီးရှည်လာတာမျိုး လိုချင်တဲ့သူတွေအတွက် တစ်လအတွင်းမှာ မျက်တောင်ရှည်လာစေဖို့ ကူညီပေးမယ့် နည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။

ဖြီးပေးပါ

မျက်တောင်တွေကို ဘယ်လိုဖြီးမလဲဆိုရင်တော့ special brush (သို့) mascara ကော့တဲ့ brush လေးတွေကို သန့်စင်ပြီးတော့ သုံးနိုင်ပါတယ်။ Vitamin E ကို brush နဲ့ယူပြီး မျက်တောင်မွှေးတွေကို တစ်နေ့ ၂ ကြိမ်မှ ၅ ကြိမ်အထိ ဖြီးပေးရမှာပါ။ ဒီလိုလုပ်ပေးခြင်းက သွေးလည်ပတ်မှုကောင်းမွန်စေပြီး မျက်တောင်ကြီးထွားမှုကို လှုံ့ဆော်ပေးပါတယ်။

အဆီများ

ကြက်ဆူဆီ၊ အုန်းဆီ၊ သံလွင်ဆီစတာတွေက fatty acids တွေပါလို့ မွေးညင်းပေါက်တွေကို အာဟာရဖြည့်ပေးပြီး မျက်တောင်တွေကို healthy ဖြစ်လာစေပါတယ်။ လုပ်ရမယ့်နည်းလမ်းကတော့ သန့်ရှင်းတဲ့ brush (သို့) လက်ချောင်းနဲ့ယူပြီး ညအိပ်ယာမဝင်ခင်မှာ မျက်တောင်ပေါ်ကို လိမ်းပေးရုံပါပဲ။

အာဟာရဓာတ်

Vitamin ဓာတ်ချို့တဲ့ရင် ဆံပင်နဲ့မျက်တောင်တွေ ကျွတ်စေပါတယ်။ ဒါကြောင့် မျက်တောင်ရှည်ချင်တယ်၊ မျက်တောင်သန်စွမ်းချင်တယ်ဆိုရင် protein, vitamins နဲ့ fatty acids ကြွယ်ဝစွာပါဝင်တဲ့ အစားအသောက်တွေ၊ အစေ့အဆံ၊ အသား၊ ငါး၊ ကြက်ဥ၊ သစ်သီး၊ အသီးအရွက် စတာတွေကို များများစားပေးပါ။

Green Tea

Green tea တစ်ခွက်ကို အအေးခံပြီး cotton pad နဲ့ယူကာ တစ်နေ့နှစ်ကြိမ် မျက်တောင်ကို လိမ်းပေးရပါမယ်။ Green Tea မှာက antioxidants နဲ့ vitamin ဓာတ်တွေပါဝင်လို့ မျက်တောင်ရှည်စေဖို့ အထောက်အကူပြုပါတယ်။

ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်အရွက်ကို အတွင်းကအရည်တွေကျအောင် ညှစ်ချပါ။ ပြီးရင် မျက်တောင်ကို တိုက်ရိုက်လိမ်းပေးပါ။ မျက်တောင်မွှေးသန်ပြီး ရှည်လာစေပါတယ်။ ဒီထက်ပိုပြီး ထိရောက်ချင်ရင်တော့ ညအိပ်ယာဝင်ခါနီးရင် မျက်နှာသစ်ပြီး ရှားစောင်းလက်ပတ်အရည်ကို ကြက်ဆူဆီ (သို့) သံလွင်ဆီနဲ့ရောမွှေပြီး မျက်တောင်ကိုလိမ်းပေးပါ။ မနက်ကျမှ မျက်နှာသစ်ပါ။

မိတ်ကပ်လိမ်းခြယ်တဲ့အခါ

မိတ်ကပ်လိမ်းခြယ်တဲ့အခါမှာ တတ်နိုင်သလောက် waterproof mascara တွေကို မသုံးပါနဲ့။ မိတ်ကပ်လိမ်းပြီး mascara သုံးပြီးရင်လည်း သေချာ cleansing လုပ်ပါ။ Cleansing သေချာမလုပ်ရင် မျက်တောင်တွေ ကျွတ်စေပါတယ်။ ဒါ့အပြင် အတင်းပွတ်ဖျက်တာမျိုးတွေလည်း မလုပ်ရပါဘူး။