Skincare တွေဝယ်သုံးဖို့ အဆင်မပြေတဲ့သူတွေနဲ့ skincare တွေလိမ်းရမှာ ပျင်းနေတဲ့သူတွေအတွက် skincare product တွေမပါပဲ အသားအရေထိန်းသိမ်းနိုင်မယ့် နည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။

နေပူထဲသွားတာကိုရှောင်ပါ

နေရောင်ခြည်ဒဏ်ကို ကာကွယ်ဖို့အတွက် sunscreen လိမ်းရပါတယ်။ sunscreen မလိမ်းချင်ရင်တော့ နေပူထဲသွားလာတာကို ရှောင်ရပါမယ်။ နေရှိန်တဲ့နေရာတွေကိုပါ ရှောင်ဖို့လိုပါတယ်။ နေရောင်ခြည်ရှိနေတုန်း အပြင်သွားလာတဲ့အခါမှာလည်း ဦးထုပ်၊ ထီး စတဲ့ အကာအကွယ်တွေနဲ့ သွားရပါမယ်။

ခေါင်းအုံးစွပ်နဲ့အိပ်ယာခင်းကိုသေချာလဲပါ

ကြမ်းတဲ့ခေါင်းအုံးစွပ်တွေနဲ့ အိပ်တဲ့အခါမှာ မျက်နှာအရေးအကြောင်းတွေ အမြန်ဖြစ်စေပါတယ်။ ဒါကြောင့် silk (သို့) satin အသားတွေကို သုံးပေးပါ။ ခေါင်းအုံးစွပ်နဲ့ အိပ်ယာခင်းတွေကို တစ်ပတ်တစ်ခါ ပုံမှန်လဲပေးခြင်းက ဝက်ခြံတွေခဏခဏမထွက်အောင် ကာကွယ်ပေးပါတယ်။

ရေများများသောက်ပါ

အသားအရေက ရေဓာတ်ပြည့်ပြီး စိုပြည်နေဖို့အတွက် ရေများများသောက်ပေးပါ။ skincare လိမ်းရမှာပျင်းရင်တောင် ရေသောက်ဖို့တော့ မပျင်းပါနဲ့။

လက်နဲ့ခဏခဏမကိုင်ပါနဲ့

မျက်နှာကို လက်နဲ့ခဏခဏကိုင်တာ၊ ကလိတာတွေက ဝက်ခြံနဲ့ဖုတွေ ထွက်စေပါတယ်။ skincare မလိမ်းပဲ skin ကောင်းချင်ရင် ဒီလိုအသေးစိတ်ကအစ ဂရုစိုက်ရပါမယ်။

ရေကြက်သီးနွေးနဲ့မျက်နှာသစ်ပါ

ရေကြက်သီးနွေးနဲ့ မျက်နှာသစ်ပေးခြင်းက မျက်နှာပေါ်က အဆီတွေကို ဖယ်ရှားပေးပြီး ဘတ်တီးရီးယားတွေကို သေစေတဲ့အတွက် ပိုအဆင်ပြေပါတယ်။

Makeup brush တွေကို ပုံမှန်သန့်စင်ပါ

မိတ်ကပ်လိမ်းတယ်ဆိုရင် ကိုယ်သုံးနေတဲ့ makeup brush တွေကို အမြဲတမ်း ပုံမှန်လျှော်ပေးတာ၊ သန့်စင်ပေးတာမျိုး လုပ်ပေးပါ။

Stress တွေကိုလျှော့ချပါ

Stress တွေများနေရင် အသားအရေကလည်းညစ်နွမ်းပြီး အရေးအကြောင်းတွေ ဖြစ်လွယ်ပါတယ်။ Stress တွေများရင် ပုံမှန်ထက် ကြည့်ရတာအိုစာစေလို့ stress တွေကို လျှော့ချပေးပါ။ လေ့ကျင့်ခန်းလုပ်ပါ။