ညအိပ်ချိန်မှာအတွေးတွေများပြီး over thinking ဖြစ်နေတာဟာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေသလို အိပ်စက်ချိန်ကိုလည်း အနှောက်အယှက်ဖြစ်စေပါတယ်။ ကိုယ်တိုင်လည်း ဒီလိုဖြစ်နေပြီးဆိုရင် ကြိုးစားပြီး ပြင်ဆင်သင့်ပါတယ်။ ဒါကြောင့် ညအိပ်ချိန်မှာ over thinking ဖြစ်နေတာကို ထိန်းချုပ်ပေးမယ့် နည်းလမ်းကောင်းတွေကို မျှဝေပေးလိုက်ပါတယ်။
အိပ်ခါနီးဖုန်းမသုံးပါနဲ့၊ တီဗီမကြည့်ပါနဲ့
အိပ်ခါနီးမှာ ဖုန်းသုံးတာ၊ တီဗီကြည့်တာက မျက်စိကြောင်ပြီး တော်ရုံနဲ့အိပ်မပျော်ပါဘူး။ အိပ်မပျော်ရင် လူတိုင်းက လျှောက်တွေးနေတတ်ပါတယ်။ ဖုန်းကြည့်ရင် တော်တော်များများက social media တွေကို ကြည့်ကြတာများပါတယ်။ အထူးသဖြင့် facebook ကြည့်ရင် စိတ်ထိခိုက်စရာ၊ စိတ်အနှောက်အယှက်ဖြစ်စရာတွေ တွေ့ပြီး လျှောက်တွေးမိတာတွေ ဖြစ်လာပါတယ်။ ဒါကြောင့် အိပ်ခါနီး ၂ နာရီ (သို့) ၁ နာရီအလိုမှာ ဖုန်းမသုံးသင့်ပါဘူး။ တီဗီလည်းမကြည့်တာ အကောင်းဆုံးပါ။
စာဖတ်တာ၊ ပုံခြယ်တာမျိုးလုပ်ပါ
ညအိပ်ခါနီးမှာ စာဖတ်ပေးတာက မျက်စိညောင်းပြီး အမြန်ဆုံးအိပ်ပျော်စေပါတယ်။ ပုံခြယ်တာကလည်း စိတ်တည်ငြိမ်စေပြီး ကြာလာရင် မျက်စိညောင်းပြီး မြန်မြန်အိပ်ပျော်စေပါတယ်။ အိပ်လိုက်တာနဲ့ တန်းပြီးအိပ်ပျော်သွားရင် ဘာမှတွေးနေမိတော့မှာ မဟုတ်ပါဘူး။
Lavender essential oil
ကိုယ့်အိပ်ယာခင်းမှာပဲဖြစ်ဖြစ်၊ အင်္ကျီမှာပဲဖြစ်ဖြစ် Lavender essential oil ကို တစ်စက်၊ နှစ်စက်လောက်ချပေးပါ။ Lavender essential oil ရဲ့အနံ့ကြောင့် stress တွေလျော့ကျစေပြီး စိတ်ကို relax ဖြစ်စေပါတယ်။ စိတ်ပျော်ရွှင်ကြည်နူးမှုရစေပြီး နှစ်နှစ်ခြိုက်ခြိုက်လည်း အိပ်ပျော်စေပါတယ်။ ဒါပေမယ့် Essential oil တွေက မတည့်ရင် allergic ဖြစ်တတ်လို့ သေချာဂရုစိုက်သုံးပေးဖို့တော့ လိုပါတယ်။
Tea သောက်ပါ
မအိပ်ခင်မှာ Tea တွေသောက်ပေးတာက စိတ်ကြည်လင်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါတယ်။ ဥပမာ – Green Tea ပါ။ မြန်မြန်အိပ်ပျော်မှသာ အတွေးတွေများပြီး overthinking မဖြစ်မှာပါ။
အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ
အတွေးတွေများပြီး overthinking ဖြစ်နေတာကိုသက်သာအောင် အိပ်ယာဝင်တိုင်း အသက်ရှူလေ့ကျင့်ခန်း ၅ မိနစ် (သို့) ၁၀ မိနစ် လုပ်ပေးပါ။ တရားထိုင်လို့လည်း ရပါတယ်။ ဒီလိုလုပ်ပေးခြင်းက stress တွေလျော့ကျစေပြီး စိတ်ညစ်နွမ်းမှုကို ပြေပျောက်စေပါတယ်။ မြန်မြန်လည်းအိပ်ပျော်စေလို့ အတွေးမများအောင် ထိန်းချုပ်ပေးနိုင်ပါတယ်။
source:www.brightside.me