အသက် ၄၀ ကျော်လာရင် အမျိုးသားပဲဖြစ်ဖြစ်၊ အမျိုးသမီးပဲဖြစ်ဖြစ် ကျန်းမာရေးက တစ်ခုပြီးတစ်ခု နေထိုင်မကောင်းတာမျိုး ဖြစ်တတ်ပါတယ်။ ဒီအရွယ်မှာ ကျန်းမာရေးသေချာလိုက်စားမှ ဒီထက်အသက်ပိုကြီးလာရင်လည်း ဆက်ပြီးကျန်းမာနေမှာပါ။ ဒါကြောင့် အသက် ၄၀ ကျော်လာတဲ့အချိန်မှာ ကျန်းမာအောင်နေထိုင်နည်းတွေကို မျှဝေပေးလိုက်ပါတယ်။

အစားအသောက်ကိုဂရုစိုက်ပါ

အရေးအကြီးဆုံးကတော့ အစားအသောက်ကို သေချာဂရုစိုက်ဖို့ပါပဲ။ ကျန်းမာတဲ့အစားအသောက်တွေကို သေချာစားပါ။ ကျန်းမာရေးအတွက်မကောင်းတဲ့ အစားအသောက်တွေကို ရှောင်ပါ။ စိတ်အလိုလိုက်ပြီး စားသောက်တာမျိုးမလုပ်ပါနဲ့။ အစားအသောက်မပျက်အောင် ဂရုစိုက်ပါ။ အစားအသောက်ပျက်ရင် ကျန်းမာရေးထိခိုက်စေပါတယ်။

လေ့ကျင့်ခန်းပုံမှန်လုပ်ပါ

အသက်ကြီးလာလေ ကျန်းမာရေးလိုက်စားရမှာပါ။ ကျန်းမာရေးကောင်းဖို့ လေ့ကျင့်ခန်းကို မေ့ထားလို့လည်း မဖြစ်ပြန်ပါဘူး။ ဒါကြောင့် လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။ Gym ဆော့နိုင်တဲ့သူက Gym ဆော့ပါ။ Yoga ဆော့နိုင်တဲ့သူက Yoga အတန်းတွေတက်ပြီး သေချာလုပ်ပါ။ ဘာမှမလုပ်နိုင်ရင်တောင် အိမ်မှာပဲ လွယ်ကူတဲ့လေ့ကျင့်ခန်းတွေကို အမြဲလုပ်ပါ။ လမ်းလျှောက်ပေးပါ။

Medical check up ပုံမှန်လုပ်ပါ

ကိုယ့်ကျန်းမာရေးအတွက် ဘာမကောင်းဘူးလဲသိမှ ကုစရာရှိတာ သေချာကုလို့ရမှာပါ။ ဒါကြောင့် တတ်နိုင်ရင် အကောင်းဆုံးကတော့ Medical check up ပုံမှန်လုပ်ပေးပါ။

စိတ်ညစ်စရာတွေကိုကြာကြာမတွေးပါနဲ့

စိတ်ညစ်စရာတွေရှိရင် အဲ့ဒါကိုပဲ ခေါင်းထဲထည့်ပြီးတွေးနေတာ၊ စဉ်းစားနေတာမျိုး မလုပ်ပါနဲ့။ စိတ်ညစ်စရာတွေရှိရင် မြန်မြန်မေ့ပျောက်နိုင်အောင် ကြိုးစားပါ။ အသက်ကြီးလာတဲ့အခါ စိတ်ညစ်စရာတွေများရင် ကျန်းမာရေးပါ ထိခိုက်လာစေပါတယ်။

တရားထိုင်ပေးပါ

စိတ်တည်ငြိမ်ပြီး အေးချမ်းအောင်၊ ကိုယ်ရောစိတ်ပါ ကြည်လင်နေအောင် တရားထိုင်ပေးပါ။ နေ့တိုင်းတရားထိုင်ပေးပါ။ တရားထိုင်ပေးတာက စိတ်ရောလူပါ ကျန်းမာစေဖို့ များစွာအထောက်အကူဖြစ်စေပါတယ်။

photo source:www.freepik.com