တချို့စုံတွဲတွေက ပြဿနာတစ်ခုဖြစ်ပြီဆိုရင် သေချာမဖြေရှင်းပဲ စိတ်လက်မာန်ပါ လမ်းခွဲလိုက်တာမျိုးတွေ လုပ်တတ်ပါတယ်။ ဘာမဟုတ်တာအတွက်နဲ့တော့ ကိုယ့်ရဲ့ Relationship တစ်ခုကို လွယ်လွယ်နဲ့ မပြိုလဲလိုက်သင့်ပါဘူး။ ဒါကြောင့် Relationship ပြဿနာတွေကို လမ်းခွဲပြတ်ဆဲတာမျိုးမလုပ်ပဲ ဒီနည်းလမ်းတွေနဲ့ အရင်ဖြေရှင်းကြည့်သင့်ပါတယ်။

မျက်နှာချင်းဆိုင်ရှင်းပါ

ပြဿနာကြီးကြီးမားမားဖြစ်ပြီ၊ အထင်လွဲစရာတွေဖြစ်ပြီဆိုရင် ဖုန်းနဲ့ဖြေရှင်းတာမျိုးမလုပ်ပဲ အပြင်မှာ မျက်နှာချင်းဆိုင်တွေ့ပြီးရှင်းပါ။ တစ်ယောက်ကလည်း စိတ်ထဲရှိသမျှပြော၊ နောက်တစ်ယောက်ကလည်း ရှင်းပြပြီး တစ်ယောက်ပြောတာကို တစ်ယောက်က နားထောင်ပါ။ သေချာဖြေရှင်းပါ။

နားလည်ပါ၊ ခွင့်လွှတ်ပါ

သစ္စာဖောက်တာ၊ ဖောက်ပြန်တာကလွဲလို့ ကျန်တဲ့ကိစ္စတွေဆိုရင် စိတ်လျှော့ပါ။ နှစ်ယောက်လုံးတွဲလာတာလည်းကြာပြီ၊ တစ်ယောက်နဲ့တစ်ယောက်ကလည်း တကယ်ချစ်ကြတယ်ဆိုရင် နားလည်ပြီး ခွင့်လွှတ်ပေးပါ။ တစ်ဖက်ကလည်း နောက်ထပ်မဖြစ်အောင် ဆင်ခြင်ပါ။

အချိန်ယူပါ

ပြဿနာကကြီးလို့ ခွင့်မလွှတ်ပေးနိုင်ဘူး၊ အရမ်းစိတ်တိုနေတယ်၊ စိတ်ဆိုးနေတယ်ဆိုရင်လည်း စိတ်လက်မာန်ပါနဲ့ ဆုံးဖြတ်တာမျိုးမလုပ်ပဲ အချိန်ယူပါ။ စကားမပြောပဲနေချင်ရင် ပေးနေလိုက်ပါ။ ခဏလောက်အချိန်ယူလိုက်ပါ။

တူတူလမ်းလျှောက်ပါ

ဘာစကားမှမပြောပဲ တူတူလမ်းလျှောက်ကြည့်ပါ။ နည်းနည်းကြာမှ အပြစ်လုပ်ထားတဲ့သူက စကားစပြောပြီး သေချာကောင်းကောင်းမွန်မွန် ရှင်းပြတာမျိုးလုပ်ပါ။ တစ်ဖက်လူကလည်း ကိုယ့်ကိုချစ်တယ်ဆိုရင် စိတ်နည်းနည်းပြေသွားပြီး ပြောတာကို နားဝင်လာပါလိမ့်မယ်။ ဒီနည်းလမ်းက အရမ်းကိုအသုံးဝင်ပါတယ်။

တောင်းပန်ပါ

အပြစ်လုပ်ထားရင် စိတ်ရင်းမှန်နဲ့ တောင်းပန်ပါ။ တစ်ဖက်လူစိတ်ကျေနပ်အောင် သေချာတောင်းပန်ပြီး ပြန်ချော့လိုက်ပါ။

ကတိပေးပါ

နောက်တစ်ခေါက် ဒီလိုထပ်မဖြစ်အောင် ကတိပေးပါ။ ပြီးစလွယ်ကတိပေးတာမျိုး မဟုတ်ပဲ အလေးအနက်ထားပြီး ပြောပါ။ ကတိပေးပြီးရင်လည်း တည်ဖို့လိုပါတယ်။

ပြန်လည်တည်ဆောက်ပါ

ပြဿနာကြီးကြီးမားမားဖြစ်သွားပြီးရင် အရင်ထက်ပိုပြီး ဂရုစိုက်ပြ၊ ချစ်ပြပါ။ အရင်လိုပြန်အဆင်ပြေပြီး ပျော်ရွှင်စရာကောင်းတဲ့ Relationship မျိုးပြန်ရအောင် ပြန်လည်တည်ဆောက်ပါ။

photo source:www.freepik.com