အရမ်းအေးတဲ့နေရာဒေသကို သွားတဲ့အခါမှာဆိုရင် ရေမချိုးနိုင်တာမျိုး ဖြစ်တတ်ပါတယ်။ ဒါ့အပြင် နေမကောင်းဖြစ်တာတို့၊ တခြားအကြောင်းအမျိုးမျိုးကြောင့် ရေမချိုးပဲ တစ်ရက်ကျော်ကြာအောင် နေရတာတို့ဖြစ်လာရင် ခန္ဓာကိုယ်က ချွေးနံ့နံတာ၊ အနံ့ဆိုးထွက်တာတွေ ဖြစ်မှာပါပဲ။ ဒါကြောင့် ရက်အနည်းငယ်ကြာ ရေမချိုးပဲနေတာတောင်မှာ ခန္ဓာကိုယ်အနံ့ဆိုးမထွက်စေမယ့် နည်းလမ်းကို မျှဝေပေးလိုက်ပါတယ်။

Body oil သုံးပါ

ရေမွှေးထက်စာရင် body oil ကို ခန္ဓာကိုယ်မှာ ပွတ်လိမ်းလိုက်တာ၊ စွတ်လိုက်တာက ပိုပြီးတော့ အနံ့ဆွဲပါတယ်။ body oil သုံးရင် သဘာဝဆန်တဲ့အနံ့လေးတွေကို ရွေးသုံးပါ။

Wet tissue သုံးပါ

ရေမချိုးရင်တောင်မှ ချွေးနံ့ထွက်တဲ့နေရာတွေဖြစ်တဲ့ ဂျိုင်း၊ ပေါင်၊ တံတောင်ကွေး၊ လက်ဖဝါးစတဲ့နေရာတွေကို wet tissue နဲ့သုတ်ပြီး သန့်စင်ပေးပါ။

Roll on (သို့) Spray သုံးပါ

ရေမချိုးတဲ့အခါမှာ ဂျိုင်းကချွေးနံ့နံတာမျိုး ဖြစ်လေ့ရှိတာကြောင့် Roll on သုံးတာပဲဖြစ်ဖြစ်၊ ဂျိုင်းကို spray ဖြန်းပေးတာပဲဖြစ်ဖြစ် လုပ်ပေးဖို့လိုပါတယ်။

အတွင်းခံတွေကိုလဲပေးပါ

ရေမချိုးရင်ပဲ ရေမွှေးတွေစွတ်နေလို့ မရပါဘူး။ အဓိက တစ်ကိုယ်ရည် သန့်ရှင်းမှုရှိအောင် အတွင်းခံတွေကို လဲပေးရပါမယ်။ အတွင်းခံတွေက အနံ့ဆိုးတွေစွဲနေတာ၊ ချွေးတွေစွဲကပ်နေတာမျိုး အရမ်းဖြစ်ပါတယ်။ ဒါကြောင့် အတွင်းခံလဲကိုလဲရပါမယ်။

ခြေအိတ်လဲပါ

ရှူးဖိနပ်စီးရတယ်ဆိုရင်တော့ ရေမချိုးလည်း ခြေအိတ်လဲဝတ်ဖို့ မမေ့ပါနဲ့။ ခြေအိတ်ဆိုတာမျိုးက ခြေဆီမထွက်တဲ့သူဝတ်တာတောင်မှ နံပါတယ်။ ဒါကြောင့် ခြေအိတ်ကို အသစ်လဲဖို့မမေ့ပါနဲ့။

ကြက်သွန်နီ၊ ကြက်သွန်ဖြူနဲ့ ငရုပ်သီးရှောင်ပါ

ကြက်သွန်နီ၊ ကြက်သွန်ဖြူနဲ့ ငရုပ်သီးတွေက အနံ့ဆိုးထွက်စေဖို့ ပိုပြီးအားပေးတာကြောင့် ခန္ဓာကိုယ်အနံ့ဆိုးထွက်စေပါတယ်။ ဒါကြောင့် ရေမချိုးတဲ့ရက်တွေဆိုရင် ဒီ ၃ မျိုးကို ရှောင်ပေးပါ။ အသီးအရွက်နဲ့ အသီးအနှံတွေကိုသာ များများစားပေးပါ။

ကြပ်တဲ့အဝတ်အစားတွေမဝတ်ပါနဲ့

အရမ်းတင်းကြပ်တဲ့ အဝတ်အစားတွေကိုဝတ်ရင် ချွေးထွက်စေပါတယ်။ ရေမချိုးထားတာက တစ်ရက်ထက်ကျော်လာရင် ခန္ဓာကိုယ်ကနံပါတယ်။ ဒီလိုအချိန်မှာ ဘယ်လောက်ရေမွှေးသုံးသုံး အရမ်းကြပ်တဲ့အဝတ်အစားတွေဝတ်ရင် ချွေးနံ့က ပိုပြီးနံပါတယ်။

Dry shampoo သုံးပါ

ရေမချိုးဖြစ်တဲ့အချိန်၊ ခေါင်းမလျှော်ဖြစ်တဲ့အချိန်တွေမှာ အနံ့နံမှာကြာက်ရင် Dry shampoo သုံးပေးလို့ရပါတယ်။ ဆံပင်လည်းကပ်ကပ်ကြီးမဖြစ်ပဲ လှစေသလို အနံ့လည်းမွှေးစေလို့ အရမ်းအဆင်ပြေပါတယ်။

source:www.brightside.me