ဒေါသအရမ်းထွက်နေတဲ့အချိန်မှာ လုပ်လိုက်မိတဲ့အရာတိုင်းက အမှားတွေဖြစ်သွားတတ်ပါတယ်။ နဂိုကတည်းက စိတ်ကြီးတဲ့သူတွေအတွက်တော့ ဒေါသကို ထိန်းချုပ်နိုင်ဖို့လည်း ခက်ခဲပါတယ်။ ဒါပေမယ့်လည်း အမှားမလုပ်မိအောင်တော့ ကိုယ့်စိတ်ကို ပြန်ထိန်းချုပ်ရမှာပါပဲ။ ဒါကြောင့် ဒေါသအရမ်းထွက်နေတဲ့အချိန်မှာ ကိုယ့်ရဲ့ဒေါသတွေကို လျော့ချပေးနိုင်မယ့် နည်းလမ်းတချို့ကို မျှဝေပေးလိုက်ပါတယ်။

ပီကေဝါးပါ

ဘာလုပ်ရမှန်းမသိဖြစ်နေရင် ပီကေဝါးလိုက်ပါ။ ပီကေဝါးတာက စိတ်ကို တည်ငြိမ်သွားစေဖို့ ကူညီပေးနိုင်တာကြောင့် ဒေါသတွေကိုလည်း နည်းနည်းလောက်ပဲဖြစ်ဖြစ် ထိန်းချုပ်လိုက်နိုင်ပါတယ်။

ပြေးပါ

ဒေါသအရမ်းထွက်နေရင် ပြေးလိုက်ပါ။ ပြေးလိုက်ရင် ချွေးတွေထွက်ပြီး စိတ်ပေါ့ပါးသွားပါလိမ့်မယ်။ မပြေးချင်ရင် အော်ဟစ်လိုက်တာမျိုးလည်း လုပ်လို့ရပါတယ်။ စိတ်ပေါ့ပါးသွားပြီး နည်းနည်းလောက်တော့ ဒေါသတွေ လျော့ကျသွားမှာပါ။

စာရွက်မှာချရေးပါ

ကိုယ်မကျေနပ်တဲ့ အကြောင်းအရာတွေ၊ ဒေါသထွက်တဲ့ အကြောင်းအရာတွေကို စာရွက်မှာချရေးလိုက်ရင် စိတ်ပေါ့ပါးသွားပါလိမ့်မယ်။ ဒေါသတွေ ပြေလျော့လာပါလိမ့်မယ်။ ဒီလိုနည်းနဲ့လည်း ဒေါသကို ထိန်းချုပ်နိုင်ပါတယ်။

သီချင်းဆိုပါ၊ သီချင်းနားထောင်ပါ

ဒေါသထွက်နေတဲ့အချိန်မှာ ကိုယ်ကြိုက်တဲ့ သီးချင်းတွေကို နားထောင်တာမျိုး၊ သီချင်းအော်ဆိုတာမျိုးတွေ လုပ်ပေးတာက စိတ်ကို Relax ဖြစ်စေပြီး ဒေါသတွေလည်း တဖြေးဖြေးချင်းစီ ပြေလာစေပါတယ်။

အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ၊ တရားထိုင်ပါ

အရမ်းဒေါသထွက်နေရာကနေ ဒေါသတွေလျော့ကျပြီး စိတ်တည်ငြိမ်လာစေဖို့ အသက်ရှူလေ့ကျင့်ခန်း လုပ်ပေးတာမျိုး၊ တရားထိုင်တာမျိုးတွေ လုပ်ပေးလို့ရပါတယ်။ အပြင်ရောက်နေလို့ တရားထိုင်ဖို့ အဆင်မပြေတဲ့အခါ မျက်စိမှိတ်ပြီး ခန္ဓာကိုယ်ကို မတ်မတ်ထိုင်ကာ အသက်ကို ဖြေးဖြေးချင်းစီ ရှူသွင်းလိုက်၊ ရှူထုတ်လိုက်နဲ့ လုပ်ပေးလို့ ရပါတယ်။