Relationship တစ်ခုမှာ stress နည်းတယ်၊ များတယ်ဆိုတာ ကိုယ့်စိတ်နဲ့လည်း အများကြီးသက်ဆိုင်ပါတယ်။ နေတတ်ရင်တော့ stress နည်းမှာဖြစ်ပြီး မနေတတ်ရင်တော့ ကိုယ့်စိတ်နဲ့ကိုယ် ပိုစိတ်ဆင်းရဲနေရမှာပါ။ ဒါကြောင့် relationship တစ်ခုမှာ stress နည်းအောင်နေနိုင်မယ့် နည်းလမ်းကို ပြောပြပေးလိုက်ပါတယ်။

အရမ်းမတွေးပါနဲ့

အရမ်းတွေးလွန်းရင် ကိုယ့်အတွေးနဲ့ကိုယ် စိတ်ဖိစီးနေရပါတယ်။ အတွေးထဲပေါ်လာသမျှအတိုင်းသာ လိုက်ခံစားနေရင်တော့ ကိုယ့်ဒုက္ခကိုယ်ရှာတာပဲ ဖြစ်မှာပါ။ ဒါကြောင့် stress နည်းချင်ရင် အရမ်းမတွေးပါနဲ့။ တွေးလွန်းရင် အမြဲပူလောင်ပြီး ခံစားနေရပါလိမ့်မယ်။

တရားလွန်သဝန်မတိုပါနဲ့

ကိုယ့်ရည်းစားကို သဝန်တိုတာမှန်ပေမယ့် တရားလွန်ကြီးဆိုရင် ကိုယ်ပဲ ပိုစိတ်ညစ်ရပါတယ်။ အရေးမပါတာတွေကအစ လိုက်ပြောပြီး သဝန်တိုနေရင် ကိုယ်လည်းပင်ပန်းရသလို တစ်ဖက်လူကလည်း ချုပ်ချယ်တယ်ဆိုပြီး မြင်လာပါလိမ့်မယ်။ အခုခေတ်မှာတော့ social media နဲ့ပတ်သက်ပြီးတော့ အတွဲတွေပြဿနာတက်ရတာ များတာကြောင့် အရမ်း serious မဖြစ်ရင်တော့ stress နည်းပါလိမ့်မယ်။

ကိုယ့်စိတ်တိုင်းကျဖြစ်ဖို့မကြိုးစားပါနဲ့

တချို့က ကိုယ့်ရည်းစားကို ကိုယ်လိုချင်တဲ့ပုံစံအတိုင်းရဖို့ ပုံသွင်းယူတတ်ကြပါတယ်။ အရာရာကို ကိုယ်ဖြစ်စေချင်တဲ့အတိုင်း လုပ်ခိုင်းနေတာတွေက ဖြစ်မလာရင် အရင်ဆုံးစိတ်ညစ်ပြီး stree တွေပိတာ ကိုယ်တိုင်ပါပဲ။ တစ်ဖက်လူကလည်း ကြာရင် မွန်းကြပ်လာပါလိမ့်မယ်။ ဒါကြောင့် သူ့ဒီပုံစံကိုတွဲလာပြီးမှ ပြောင်းလဲဖို့မကြိုးစားပဲ လက်ခံပေးလိုက်ပါ။ ကိုယ့်ကိုချစ်လို့ သွားပြောင်းလဲပေးလို့ရမယ် မထင်ပါနဲ့။ ကိုယ်ပြောလိုက်လို့လည်း ခဏပဲရပါလိမ့်မယ်။ သူ့အလိုလို ပြောင်းလဲပေးချင်တဲ့အခါ ပြောင်းလဲလာပါလိမ့်မယ်။

သံသယမများပါနဲ့

တစ်ခုခုဆို ဘာမှလုပ်မနေလည်း သံသယတွေများနေတာက အရမ်းစိတ်ပင်ပန်းရပါတယ်။ ကိုယ့်ရည်းစားက ပွေနေရှုပ်နေတာမျိူးဆို မယုံတာ ဖြစ်သင့်ပါတယ်။ ဒါပေမယ့် ဘာမှမလုပ်ပဲ ကိုယ့်အတွေးနဲ့ကိုယ် မယုံကြည်နိုင်ဖြစ်ပြီး အမြဲတမ်းသံသယများနေတာကတော့ ကိုယ်ပဲ stress ပိရတာမို့ ကိုယ့်စိတ်ကို အရင်ပြင်သင့်ပါတယ်။

photo source:www.pinterest.com