Work From Home လုပ်နေရလို့ အဆင်မပြေဖြစ်ပြီး စိတ်ဖိစီးနေရတဲ့သူတွေ၊ ပင်ပန်းနေရတဲ့သူတွေ ရှိမှာပါ။ အပြင်မသွားပဲ အိမ်ကနေပဲ အလုပ်လုပ်ရတာက တချို့တွေအတွက်တော့ အဆင်ပြေပေမယ့် တချို့အတွက်ကျတော့ အဆင်မပြေပါဘူး။ ပိုပြီးတော့ ပင်ပန်းပါတယ်။ ဒါကြောင့် Work From Home ကို စိတ်ဖိစီးမှုမရှိပဲလုပ်နိုင်မယ့် နည်းလမ်းကောင်းလေးတချို့ကို မျှဝေပေးချင်ပါတယ်။

အလုပ်လုပ်မယ့်နေရာကိုသတ်မှတ်ထားပါ

အိမ်မှာဆိုပြီး အိပ်ယာပေါ်မှာ အလုပ်လုပ်လိုက်၊ ဟိုနေရာပြောင်းလုပ်လိုက်၊ ဒီနေရာပြောင်းလုပ်လိုက် မလုပ်ပါနဲ့။ အလုပ်လုပ်မယ့်နေရာကို သတ်မှတ်ထားပြီး သေချာ သပ်သပ်ရပ်ရပ်လေးလုပ်ပါ။ အဓိကကတော့ အလုပ်လုပ်ပြီဆိုရင် စိတ်မရှုပ်ဖို့လိုပါတယ်။ စိတ်ကြည်လင်နေဖို့ အေးတဲ့နေရာ၊ လေကောင်းလေသန့်ရတဲ့နေရာ၊ သပ်ရပ်တဲ့နေရာဖြစ်ဖို့ လိုပါတယ်။

Schedule လုပ်ပါ

အိမ်မှာလုပ်ရတာပဲဆိုပြီး လုပ်ချင်တဲ့အချိန်မှ ထလုပ်တာမျိုး လုံးဝမလုပ်ပါနဲ့။ ဒါက လူကိုပိုပြီးတော့ ပျင်းရိစေပါတယ်။ ဒါကြောင့် ညဘက်စောစောအိပ်၊ စောစောထပြီး ပုံမှန်အတိုင်း ရေချိုး၊ မနက်စာစားပါ။ ကိုယ်အလုပ်လုပ်မယ့်အချိန်နဲ့ ကိုယ်လုပ်ရမယ့်အလုပ်တွေကို Schedule လုပ်ထားပါ။

အလုပ်ပြီးတိုင်းမှာ သေချာအနားယူပါ

Work From Home လုပ်နေရချိန်မှာ ကိုယ်လုပ်ရမယ့် တစ်နေ့တာအလုပ်တွေပြီးသွားပြီဆိုရင် ကိုယ်ပျော်ရွှင်စေတဲ့အရာတစ်ခုခုကိုလုပ်ပြီး တခြားဘာကိုမှခေါင်းထဲမထည့်ပဲ သေချာအနားယူလိုက်ပါ။

တစ်ပတ်တစ်ရက်အနားယူပါ

ပုံမှန်အလုပ်သွားနေရရင်လည်း လူတိုင်းမှာ အလုပ်ပိတ်ရက်က တစ်ပတ်ကို ၂ ရက် (သို့) ၁ ရက်တော့ ရှိပါတယ်။ Work From Home လုပ်မယ်ဆိုရင်လည်း ကိုယ့်ပိတ်ရက်အတိုင်းပဲလုပ်ပါ။ အနည်းဆုံး တစ်ပတ်မှာ တစ်ရက်တော့အနားယူပါ။ အနားယူတဲ့အချိန်မှာ အလုပ်အကြောင်း၊ စိတ်ဖိစီးမှုဖြစ်စေမယ့်အကြောင်း ဘာဆိုဘာမှမတွေးပဲ သေချာအနားယူလိုက်ပါ။ ဓာတ်ပုံရိုက်ချင်ရင် အလှပြင်ပြီး ရိုက်လိုက်၊ မုန့်လုပ်စားချင်လုပ်စားလိုက်၊ ဘီယာသောက်ချင်သောက်လိုက်၊ Skincare လုပ်ချင်လုပ်လိုက်၊ ကိုယ်ကြိုက်သလိုသာ စိတ်ရှိတိုင်းလုပ်ပြီး စိတ်ပျော်အောင်နေလိုက်ပါ။

ဒီလိုမျိုးတွေ ပုံမှန်လုပ်သွားမယ်ဆိုရင်တော့ Work From Home ကို စိတ်ဖိစီးမှုမရှိပဲ လုပ်နိုင်မှာပါ။ စိတ်ဖိစီးမှုလုံးဝမရှိတော့တာမျိုး မဟုတ်ရင်တောင် လျော့သွားပါလိမ့်မယ်။

Photo source: www.freepik.com