Social Media က Toxic ဖြစ်စေတယ်လို့ ထင်လာတဲ့အခါမှာ၊ ကိုယ့်အနေနဲ့ သုံးရတာ စိတ်ပင်ပန်းတယ်လို့ ထင်လာတဲ့အခါမှာ Social Media သုံးစွဲခြင်းကို လျှော့ချသင့်ပါတယ်။ တချို့ကျတော့ အရမ်းစွဲနေတဲ့အတွက် မသုံးပဲကိုမနေနိုင်ပါဘူး။ မသုံးပဲနေဖို့ အရမ်းခက်ခဲပါတယ်။ ဒါကြောင့် တစ်ဖြေးဖြေးနဲ့ Social Media သုံးစွဲခြင်းကို လျှော့ချပေးနိုင်မယ့် နည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။
လက်တွေ့မှာပိုပျော်အောင်နေပါ
သူငယ်ချင်းနဲ့ပဲဖြစ်ဖြစ်၊ ရည်းစားနဲ့ပဲဖြစ်ဖြစ် Social Media မှာထက် အပြင်က တကယ့်လက်တွေ့ဘဝမှာ ပိုအဆင်ပြေအောင်နေပြီး ပိုပျော်အောင်နေပါ။ ခဏခဏတွေ့ပြီး သွားလာစားသောက်တာမျိုး၊ ခရီးတွေသွားတာမျိုး လုပ်ပေးပါ။ Social Media သုံးပြီး Overthinking ဖြစ်နေရတဲ့ စိတ်ပင်ပန်းမှုတွေပါ လျော့ကျသွားပါလိမ့်မယ်။
ဝါသနာပါတာတစ်ခုကိုရှာဖွေပါ
ကိုယ်ဝါသနာပါတဲ့အရာတစ်ခုလောက်ကို ရှာဖွေပြီး လုပ်ကြည့်ပါ။ ဝါသနာပါတာကိုလုပ်နေရတဲ့အခါမှာ သေချာအာရုံစိုက်ပြီး လုပ်နိုင်ပါတယ်။ အဲ့အလုပ်ကိုလုပ်နေရရင် အချိန်ကုန်နေတဲ့အတွက် အရင်လောက်လည်း Social Media ကို သုံးဖြစ်တော့မှာမဟုတ်ပါဘူး။ ဒါကတော့ Social Media သုံးတာကိုလည်း လျှော့ချပြီးသားဖြစ်သလို ကိုယ့်အတွက်လည်း အကျိုးရှိစေပါတယ်။
Application ဖျက်ပြီးနေကြည့်ပါ
Social Media သုံးတာကို လျှော့နိုင်ဖို့ခက်နေရင် Application တွေကို ဖျက်ထားပြီး တခြား Game ဆော့တာမျိုး၊ ရုပ်ရှင်ကြည့်တာမျိုး၊ လေ့ကျင့်ခန်းလုပ်တာမျိုးတွေကို အစားထိုးပြီး လုပ်ကြည့်ပါ။ ဒီလိုအစားထိုးပြီးမလုပ်ရင် အားနေတဲ့အတွက် Social Media ပဲ ပြန်သုံးချင်လာပါလိမ့်မယ်။
Unfriend, Unfollow, Block လုပ်ပါ
Social Media သုံးတာကို ချက်ချင်းလျှော့ချနိုင်ဖို့ ခက်ခဲသေးနေရင်လည်း စိတ်ချမ်းသာစွာနဲ့သုံးလို့ရအောင်၊ စိတ်အနှောင့်အယှက်မဖြစ်အောင် ကိုယ့်ကြည့်မရတဲ့သူ၊ မုန်းတဲ့သူ၊ ကိုယ့်အတွက် စိတ်အနှောင့်အယှက်ဖြစ်စေတဲ့သူ အားလုံးကို Unfriend, Unfollow, Block လုပ်ပစ်ပါ။