Relationship တစ်ခုမှာ ယုံကြည်မှုပျက်စီးသွားပြီဆိုရင် တစ်ယောက်နဲ့တစ်ယောက် အဆင်မပြေတော့ပါဘူး။ ဘယ်လောက်မှန်အောင်နေနေ စိတ်ထဲ သံသယတွေများလာမှာပါ။ ယုံကြည်မှုပျက်စီးသွားပြီးရင် ပြန်လည်တည်ဆောက်ဖို့ လိုပါတယ်။ ဒါကြောင့် ဘယ်လိုနည်းလမ်းတွေနဲ့ ပြန်လည်တည်ဆောက်ရမလဲ၊ Relationship တစ်ခုမှာ ယုံကြည်မှုပြန်ရဖို့ ဘယ်လိုတွေ ပြန်ကြိုးစားရမလဲဆိုတာကို ပြောပြပေးလိုက်ပါတယ်။

ကိုယ်လုပ်ခဲ့မိတာအတွက် ပြန်တောင်းပန်လိုက်ပါ။ တကယ်ချစ်တယ် မပြတ်နိုင်ဘူးဆိုရင် တစ်ဖက်လူကျေနပ်တဲ့အထိ တောင်းပန်လိုက်ပါ။

ကတိပေးပါ။ ယုံကြည်မှုကို ဖျက်စီးလိုက်မိရင် နောက်ဒါမျိုး ထပ်မဖြစ်စေရဘူးဆိုတဲ့ကတိကို လေးလေးနက်နက်ပြောပြီး ပေးပါ။ လိမ်တာမျိုး၊ တစ်ဖက်လူ မကြိုက်တာမျိုးကို ထပ်မလုပ်ပါနဲ့။

ယုံကြည်မှုပြန်ရအောင် ကိုယ့်ဘက်ကလည်း သူယုံကြည်အောင် ပြန်နေပေးရပါမယ်။ သေးသေးလေးကအစ သူမမေးလည်း ပြောပြထားတာမျိုးလုပ်ပါ။ အရာရာကို ပွင့်ပွင့်လင်းလင်းနဲ့ ရိုးရိုးသားသာ ပြောပြပါ။

နှစ်ယောက်သား ပြန်ညှိုယူပါ။ တစ်ယောက်နဲ့တစ်ယောက် အရင်ထက်ပိုပြီး တွေ့ဖြစ်ကြတာမျိုး၊ မုန့်သွားစားတာ၊ လျှောက်လည်တာမျိုးလုပ်ပါ။ ခရီးထွက်ပါ။ ဒီလိုနဲ့ ပျော်ရွှင်စရာကောင်းတဲ့အချိန်တွေကို များများဖန်တီးပြီး အရင်ထက်ပိုချစ်ပေး၊ ဂရုစိုက်ပေးပြီး ပိုအဆင်ပြေလာအောင်လုပ်ပါ။ ဘာမှမလုပ်ပဲ ဒီတိုင်းရှေ့ဆက်တာထက် ဒီလိုလေးတွေ ပြန်ကြိုးစားတာက ယုံကြည်မှုကို ပြန်လည်တည်ဆောက်နိုင်ဖို့ အထောက်အကူ ပိုဖြစ်စေပါတယ်။

photo source: www.freepik.com