ခုံနဲ့ထိုင်ပြီးအလုပ်လုပ်တဲ့အခါမှာ ထိုင်ပုံထိုင်နည်းမှားရင် ခါးနာတာ၊ ခြေထောက်နာတာစတဲ့ ကျန်းမာရေးထိခိုက်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် အကြာကြီးထိုင်ပြီးအလုပ်လုပ်ရတဲ့သူတွေက သေချာသတိထားသင့်ပါတယ်။ ကိုယ်ထိုင်နေတဲ့ပုံစံတွေကမှားနေရင်လည်း ပြင်လို့ရသွားအောင်လို့ ခုံနဲ့ထိုင်ပြီးအလုပ်လုပ်တဲ့အခါမှာ ကျန်းမာရေးမထိခိုက်အောင် ထိုင်ရမယ့်ပုံစံတွေကို ပုံတွေနဲ့ယှဉ်ပြီး ဖော်ပြပေးလိုက်ပါတယ်။
ခုံမှာထိုင်ပြီးအလုပ်လုပ်တဲ့အခါ ပုံ ၁ မှာပြထားသလိုထိုင်မယ်ဆိုရင် သွေးပြန်ကြောတွေကိုညှစ်ထားသလို ဖြစ်စေမယ်။ သွေးစီးဆင်းမှုမမှန်တာမျိုးတွေ ဖြစ်စေမယ်။ ထိုင်ရတာလည်း သက်တောင့်သက်သာ မဖြစ်စေပါဘူး။ ဒါကြောင့် ပုံ ၂ ထဲမှာပြထားသလို ထိုင်ပေးရပါတယ်။
ပုံ ၁ ထဲမှာပြထားသလို ထိုင်ခုံပေါ်မှာထိုင်မယ်ဆိုရင် နောက်ကျောနာတာ၊ ခါးနာတာ၊ ခါးညောင်းတာမျိုးတွေ ဖြစ်ပါလိမ့်မယ်။ အကြာကြီးထိုင်အလုပ်လုပ်ရမယ်ဆိုရင်၊ ခါးနာတတ်တယ်ဆိုရင် ပုံ ၂ ထဲမှာပြထားသလို ခေါင်းအုံးကို ခါးနောက်မှာထားပြီး ထိုင်ပေးပါ။
ကွန်ပြူတာနဲ့အလုပ်လုပ်ရတဲ့သူတွေအတွက် လက်ကိုထားနည်းမှားနေရင်လည်း လက်ကိုက်တာ၊ လက်မောင်းနာတာ၊ လက်ချောင်းလေးတွေထိခိုက်တာမျိုး ဖြစ်တတ်ပါတယ်။ ပုံ ၁ မှာပြထားတဲ့အတိုင်း လက်ကိုမထားရပါဘူး။ ပုံ ၂ မှာပြထားတဲ့အတိုင်းထားမှ မှန်ပါမယ်။
တစ်ခါတစ်လေကျရင် အကြာကြီးထိုင်ရတာညောင်းလာလို့ ပုံ ၁ မှာပြထားသလိုတွေ ထိုင်မိတတ်ပါတယ်။ အဲ့လိုထိုင်တာမျိုးက လည်ပင်းနာတာ၊ ဇာတ်ကြောတက်တာ ဖြစ်စေပါတယ်။ ဒါကြောင့် ပုံ ၂ မှာပြထားသလို ထိုင်ပေးပါ။
Source: www.brightside.me