လူတိုင်းကတော့ Healthy Lifestyle ကို လိုချင်ကြတာပါပဲ။ ဒီလို Healthy ဖြစ်တဲ့ Lifestyle ကိုလိုချင်ရင်တော့ ကိုယ်တိုင်ကပဲ ပြောင်းလဲရမယ်၊ ကြိုးစားရပါမယ်။ ဒါကြောင့် Healthy Lifestyle ကိုပိုင်ဆိုင်နိုင်ဖို့ ကိုယ်တိုင် ပြောင်းလဲပြင်ဆင်ရမယ့်အရာတွေကို ပြောပြပေးချင်ပါတယ်။

ကိုယ့်ရည်မှန်းချက်ကိုချရေးပါ

ကိုယ်ဖြစ်ချင်တဲ့ ဘဝရဲ့ရည်မှန်းချက်ကို ချရေးထားပြီး ဖြစ်အောင်လုပ်ဖို့ focus ထားပါ။

အမြင်ကျယ်ပါ

တစ်ခုခုကိုအောင်မြင်အောင်လုပ်တော့မယ်ဆိုရင် အမြင်ကျယ်ဖို့လိုပါတယ်။

စူးစမ်းလေ့လာပါ

အမြင်ကျယ်ဖို့ အားလုံးသိနေဖို့အတွက် စူးစမ်းလေ့လာဖို့လိုပါတယ်။ အရာရာကို စူးစမ်းလေ့လာပြီး ကြိုးစားကြည့်ပါ။ ဖြစ်အောင်လုပ်ပါ။

အကောင်းမြင်စိတ်ထားပါ

Healthy Lifestyle ကိုပိုင်ဆိုင်နိုင်ဖို့အတွက် အကောင်းမြင်စိတ်ရှိဖို့က အရမ်းကိုအရေးကြီးပါတယ်။ အရာရာကို အကောင်းမြင်စိတ်နဲ့ကြည့်ပြီး လုပ်ကြည့်ရင် စိတ်ချမ်းသာရပါလိမ့်မယ်။

အလေ့အကျင့်အသစ်ကိုလုပ်ဆောင်ပါ

အရင်ကမလုပ်ဖူးတာတွေ၊ အလေ့အကျင့်အသစ်တွေကို လုပ်ဖို့အတွက် မကြောက်ပါနဲ့။ စွန့်စားကြည့်ပါ။ ဒါမှလည်း အောင်မြင်မှာပါ။

မိတ်ဆွေရှာပါ

ဘာကိုပဲလုပ်လုပ် မိတ်ဆွေပေါလေကောင်းလေပါပဲ။ ဒါကြောင့် ကိုယ့်အတွက် ကောင်းမယ့်၊ အကျိုးဖြစ်စေမယ့် မိတ်တွေတွေကို ရှာဖွေပါ။

ကိုယ့်ကိုယ်ကိုချီးကျူးပါ

ဘာကိုပဲလုပ်လုပ် မဖြစ်မြောက်ခဲ့ရင်တောင် ကိုယ့်ကိုယ်ကိုအပြစ်မတင်ပါနဲ့။ နောက်တစ်ကြိမ်ကြိုးစားကြည့်ပါ။ ကိုယ့်ကိုယ်ကိုအမြဲချီးကျူးပါ။ ဒါမှ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိပြီး အားတက်လာမှာပါ။