ဂျိုင်းမွှေးနုတ်လို့ အသီးထပြီး ဂျိုင်းသားကြမ်းတမ်းနေတာတွေ၊ ဂျိုင်းမွှေးရိတ်လို့ ဂျိုင်းသားပျက်စီးနေတာတွေ သက်သာပြီး ဂျိုင်းသားနူးညံ့ ချောမွေ့ လာစေမယ့် နည်းလမ်းကောင်းကို မျှဝေပေးလိုက်ပါတယ်။ မိန်းကလေးတိုင်းသိထားသင့်ပြီး အိမ်မှာ လုပ်ကြည့်သင့်ပါတယ်။ သဘာဝနည်းလမ်းတွေကတော့ အကောင်းဆုံးနဲ့ စိတ်အချရဆုံးပါပဲနော်။
သင်္ဘောသီးအမှည့်နဲ့ နနွင်းတို့ကိုသုံးပြီး လုပ်ရမှာပါ။
လုပ်ရမယ့်ပုံစံကတော့ သင်္ဘောသီးအမှည့်ကို ကျေညက်သွားအောင်ချေပြီး စားပွဲတင်ဇွန်း ၂ ဇွန်းစာယူကာ ပန်းကန်လုံးထဲထည့်ပါ။ နနွင်းမှုန့်ကိုတော့ စားပွဲတင်ဇွန်းတစ်ဝက်စာယူပြီး ထည့်ပါ။ ပြီးရင် အဲ့နှစ်ခုကို ရောမွှေပြီး ဂျိုင်းမှာ စက်ဝိုင်းပုံစံလေး ညင်သာစွာပွတ်ပေးပါ။ ပွတ်ပြီးရင် ၁၅ မိနစ်ထားပြီး ရေစင်အောင်ဆေးချပါ။
ဒီနည်းလမ်းကို တစ်ပတ်မှာ ၂ ကြိမ် (သို့) ၃ ကြိမ် ပုံမှန်လုပ်ပေးရပါမယ်။ တစ်လကြာတဲ့အခါမှာတော့ သိသာတဲ့ရလဒ်ကို ရရှိလာပါလိမ့်မယ်။
Source: www.brightside.me