အလုပ်လုပ်နေရတဲ့သူတွေအတွက် အလုပ်ကြောင့်ရတဲ့ stress တွေကို မိနစ်ပိုင်းအတွင်းမှာ ပျောက်သွားအောင်လုပ်ပေးနိုင်မယ့် နည်းလမ်းကောင်းတချို့ကို မျှဝေပေးလိုက်ပါတယ်။

ခြေဗလာနဲ့လမ်းလျှောက်ပါ

ခြေဗလာနဲ့ မြက်ခင်းပေါ်မှာ လမ်းလျှောက်ပေးခြင်းက ခြေဖဝါးသွေးလည်ပတ်မှု ပိုမိုကောင်းမွန်လာတာကြောင့် ခံစားနေရတဲ့ စိတ်ဖိစီးမှု stress တွေ လျှော့ကျသွားစေပါတယ်။

အလုပ်အကြောင်းခဏမေ့ထားလိုက်ပါ

အလုပ်နဲ့ပတ်သက်ပြီး အရမ်းစိတ်ဖိစီးလာရင် ဆက်မလုပ်ပဲ ခဏထားလိုက်ပါ။ ဆက်လုပ်နေရင် ပိုဆိုးလာပါလိမ့်မယ်။ ဒါကြောင့် အလုပ်မလုပ်တော့ပဲ အလုပ်အကြောင်းကို ခဏမေ့ထားပြီး မိသားစုနဲ့ အချိန်ကုန်ဆုံးတာမျိုး၊ ကိုယ်ပျော်မယ်ထင်တဲ့အရာတွေ လုပ်နေတာမျိုးနဲ့ အချိန်ကုန်ဆုံးလိုက်ပါ။

လမ်းလျှောက်ထွက်ပါ

တစ်နာရီကျော်လောက် လမ်းလျှောက်ထွက်တာမျိုးကလည်း stress တွေ လျော့ကျသွားစေပါတယ်။ လှတဲ့နေရာ၊ လေကောင်းလေသန့်ရမယ့်နေရာတွေ၊ ပန်းခြံလိုနေရာတွေကို လမ်းလျှောက်ထွက်ပေးရင် ပိုကောင်းပါတယ်။

တစ်ရေးတစ်မောအိပ်ပါ

မိနစ် ၃၀ လောက်ပဲဖြစ်ဖြစ် တစ်နာရီလောက်ပဲဖြစ်ဖြစ် တစ်ရေးတစ်မောအိပ်လိုက်မယ်ဆိုရင် energy တွေ ပိုကောင်းလာပြီး relax ဖြစ်သွားစေပါတယ်။ ဒါကြောင့် အလုပ်ကြောင့်ရတဲ့ စိတ်ဖိစီးမှုတွေလည်း လျော့ကျသွားစေပါတယ်။

ရေနွေးနဲ့ရေချိုးပါ

ရေနွေးနဲ့ရေချိုးပေးခြင်းက စိတ်ကြည်လင်လန်းဆန်းသွားပြီး နေလို့ကောင်းသွားစေပါတယ်။ စိတ်ခံစားချက်ပိုကောင်းလာစေတာကြောင့် stress တွေလည်း လျော့ကျသွားစေပါတယ်။