မနက်အိပ်ယာနိုးရင် ခံတွင်းအနံ့မကောင်းပဲနံနေတာမျိုး ဖြစ်တဲ့သူတွေ အများကြီးရှိပါတယ်။ ဒါကြောင့် မနက်အိပ်ယာနိုးရင် ခံတွင်းအနံ့ဆိုးနံတာကို ပျောက်အောင်လုပ်ပေးနိုင်တဲ့ နည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။ လူတိုင်းအတွက် အသုံးဝင်စေမှာပါ။

ခံတွင်းသန့်ဆေးကိုမသုံးပါနဲ့

ခံတွင်းသန့်ဆေးကိုသုံးတာက အချိန်ခဏပဲ အနံ့မွှေးပြီး fresh ဖြစ်တာပါ။ အချိန်ကြာကြာလည်း မခံပါဘူး။ ဒါ့အပြင် ခဏခဏသုံးရင် ခံတွင်းခြောက်စေပါတယ်။ မနက်အိပ်ယာနိုးရင် ခံတွင်းခြောက်ပြီး ခံတွင်းအနံ့ဆိုးနံစေပါတယ်။

ပါးစပ်ဟပြီးမအိပ်မိအောင်သတိထားပါ

ပါးစပ်ဟပြီးအိပ်မိရင် ခံတွင်းခြောက်စေတဲ့အတွက် ခံတွင်းအနံ့ဆိုးနံစေသလို၊ သွားထဲကိုလည်း ဘတ်တီးရီးယားတွေဝင်စေနိုင်လို့ အနံ့ဆိုးထွက်စေပါတယ်။ ပါးစပ်ဟပြီးအိပ်မိရင် သွားရည်လည်းကျတတ်တဲ့အတွက် ခံတွင်းအနံ့နံပါတယ်။

ကော်ဖီသောက်ရင်သတိထားပါ

ကော်ဖီကလည်း ခံတွင်းခြောက်စေတဲ့ဓာတ် ရှိပါတယ်။ တံတွေးထုတ်လွှတ်မှုလည်း လျော့စေပါတယ်။ ဒါ့အပြင် ကော်ဖီသောက်ရင် တချို့က နွားနို့၊ ခရင်မ်စတာတွေကို ထည့်သောက်လေ့ရှိပါတယ်။ နို့ထွက်ပစ္စည်းတွေက ခံတွင်းအနံ့နံစေပါတယ်။ ဒါကြောင့် ကော်ဖီသောက်မယ်ဆိုရင်တော့ ဒါတွေကို ထည့်မသောက်တာ ပိုကောင်းပါတယ်။ ကော်ဖီသောက်ပြီးရင်လည်း ကော်ဖီအနံ့က ပါးစပ်မှာစွဲစေတဲ့အတွက် သွားပြန်တိုက်ပေးပါ။

လျှာကိုတိုက်ပေးဖို့လည်းမမေ့ပါနဲ့

သွားပဲမတိုက်ပါနဲ့။ လျှာကိုလည်း တိုက်ပေးပါ လျှာကိုတိုက်ပေးရင် ခံတွင်းအနံ့ဆိုးနံတာက အများကြီးသက်သာသွားစေပါတယ်။ ညအိပ်ယာဝင်ခါနီးတိုင်းမှာ သွားတိုက်၊ လျှာတိုက်ပေးပါ။

source:www.brightside.me