နားပေါက်ဖောက်ထားတဲ့နေရာကို လက်နဲ့ပွတ်ပြီး နမ်းကြည့်ပါ။ အနံ့နံနေတယ်ဆိုရင်တော့ သင့်နားပေါက်ကို သေချာသန့်စင်ပေးဖို့ လိုပါပြီ။ တချို့ဆိုရင် မျက်နှာနားကပ်လိုက်တာနဲ့ နံတဲ့အနံ့ရတာမျိုး၊ အလိုလိုနေရင်း ကိုယ်တိုင်အနံ့ပြန်ရနေတာမျိုးတွေလည်း ရှိပါတယ်။ ဒါကြောင့် နားပေါက်ဖောက်ထားတဲ့နေရာက အနံ့နံတာကို ပျောက်အောင်လုပ်ပေးနိုင်မယ့် နည်းလမ်းကို မျှဝေပေးလိုက်ပါတယ်။

သန့်ရှင်းရေးလုပ်ပါ

နားကပ်ကိုချွတ်ပြီး ကိုယ့်နားပေါက်ကို ရေနွေးနဲ့ဆပ်ပြာသုံးပြီး ဂွမ်းတံလေးနဲ့ သေချာသန့်စင်ပေးတာမျိုး လုပ်ပေးပါ။ တစ်ပတ်တစ်ခါ (သို့) နှစ်ပတ်တစ်ခါ ပုံမှန်လုပ်ပေးသင့်ပါတယ်။ အနံ့နံတာလည်း တစ်ဖြေးဖြေးနဲ့ ပျောက်သွားသလိုမျိုး ဘတ်တီးရီးယားတွေကိုလည်း တစ်ခါထဲသန့်ရှင်းပြီးသား ဖြစ်ပါတယ်။

နားကပ်ကိုဆေးပါ

ကိုယ်ပန်တဲ့နားကပ်တွေကိုလည်း သေချာသန့်စင်ပြီးဆေးတာမျိုး လုပ်ပေးရပါမယ်။ နားပေါက်က ချွေးနဲ့ဖုန်တွေနဲ့ရောပြီး ဂျီးဖြစ်တဲ့အတွက် အနံ့နံပါတယ်။ နားပေါက်ကအနံ့နံရင် နားကပ်မှာပါ အနံ့စွဲသွားပါတယ်။ ဒါကြောင့် နားပေါက်နဲ့နားကို သန့်စင်သလိုပဲ နားကပ်ကိုလည်း သန့်ရှင်းအောင်လုပ်ပေးရပါမယ်။

နားကပ်အမြဲမဝတ်ထားပါနဲ့

နားကပ်ကို အမြဲဝတ်ထားရင် ချွေးနဲ့ ဂျီးဖြစ်ပြီး အနံ့နံတာမျိုးတွေ ဖြစ်ပါတယ်။ ဒါကြောင့် အပြင်မသွားပဲ အိမ်မှာပဲနေတဲ့ရက်တွေမှာဆိုရင် နားကပ်မဝတ်ပဲ ချွတ်ထားလိုက်ပါ။