ရည်းစားနဲ့ပြတ်ပြီးရင် နေရတာမပျော်တော့ပဲ ခံစားနေရတာ၊ ပူဆွေးဝမ်းနည်းနေရတာ၊ တစ်မှိုင်မှိုင်နဲ့ ဘာမှလုပ်ချင်စိတ်မရှိပဲ လွမ်းနေတာမျိုးတွေ ဖြစ်မှာပါပဲ။ ဒါကိုမကုစားပဲ စိတ်အလိုအတိုင်းပဲ တွေးပြီးပူဆွေးနေမယ်ဆိုရင် ကိုယ်ပဲပိုခံစားရပါတယ်။ ဒါကြောင့် ရည်းစားနဲ့ပြတ်စဲပြီးနောက် ပူဆွေးဝမ်းနည်းမနေပဲ ခံစားချက်တွေပိုကောင်းလာအောင် နေနိုင်မယ့်နည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။

Ex နဲ့ပတ်သက်တာအားလုံးဖျက်လိုက်ပါ

Ex နဲ့ပတ်သက်တဲ့အရာမှန်သမျှ သေးသေးလေးကအစ အားလုံးဖျက်စီးပစ်ပါ။ ဒါတွေကို မဖျက်သရွေ့ တွေးပြီး နာကျင်ခံစားနေရအုံးမှာပါ။

သူရဲ့အမှားတွေ၊ မကောင်းတာတွေကိုရွေးပြီးတွေးပါ

ကိုယ့်အပေါ်သူမကောင်းခဲ့တာတွေ၊ သူ့ရဲ့အမှားတွေကိုပဲ ရွေးပြီးတွေးပါ။ စိတ်ထွက်ပေါက်ရအောင် ချရေးတာမျိုးလည်း လုပ်နိုင်ပါတယ်။ ဒါမှ စိတ်နာပြီး မြန်မြန်ခေါင်းထဲကထုတ်နိုင်မှာပါ။ စိတ်နာမှလည်း မြန်မြန် move on လုပ်နိုင်မှာပါ။

ကိုယ့်ကိုယ်ကိုဂရုစိုက်ပါ

ရည်းစားနဲ့ပြတ်ပြီးရင် ကိုယ့်ကိုယ်ကိုပိုဂရုစိုက်ပါ။ လှအောင်နေပါ။ ကိုယ်လုပ်တာအားလုံးလုပ်ပါ။ ကိုယ့်စိတ်ပျော်မယ့်အရာ အားလုံးကိုလုပ်ကြည့်ပါ။ စိတ်ခံစားချက်တွေ တစ်ဖြေးဖြေးနဲ့ ပိုကောင်းလာပါလိမ့်မယ်။

တခြားသူတွေနဲ့အဆက်အသွယ်လုပ်ပါ

ရည်းစားနဲ့ပြတ်ပြီး ခံစားနေရချိန်မှာ တစ်ယောက်ထဲနေရင် ပိုခံစားရပါတယ်။ ဒါကြောင့် ဘယ်တော့မှ တစ်ယောက်ထဲမနေပါနဲ့။ တခြားသူတွေနဲ့ အဆက်အသွယ်လုပ်ပါ။ သူတို့နဲ့တွေ့ပါ။ လျှောက်သွားပါ။ ခရီးတွေထွက်ပါ။ မလုပ်ဖူးတာတွေလုပ်ပြီး ခံစားချက်အသစ်နဲ့ အပြည့်အဝပျော်ရွှင်ကြည့်လိုက်ပါ။

အားလုံးပြီးဆုံးသွားပြီဆိုတာကိုလက်ခံပါ

ဒီရည်းစားနဲ့ပြတ်ပြီးရင် ပြန်အဆင်ပြေနိုင်မလားဆိုတဲ့ အတွေးတွေ၊ မျှော်လင့်ချက်တွေကို ဖယ်ထုတ်လိုက်ပါ။ ပြတ်စဲသွားပြီ၊ အရာအားလုံးပြီးဆုံးသွားပြီဆိုတာကို လက်ခံပြီး မေ့နိုင်အောင်ကြိုးစားရမှာ ကိုယ့်တာဝန်ပါပဲ။ အားလုံးကိုမေ့ပြီး အသစ်ကနေ ပြန်စတင်ပါ။ ကိုယ့်ကိုယ်ကိုပျော်အောင်ထားပါ။