Relationship တစ်ခုမှာ တစ်ယောက်နဲ့တစ်ယောက် သစ္စာရှိလာအောင် ဒီအရာတွေက အများကြီးကူညီတည်ဆောက်ပေးနိုင်ပါတယ်။

ယုံကြည်မှုရှိခြင်း

အစထဲက ကိုယ်ယုံကြည်ရမယ့်သူ၊ ယုံကြည်လို့ရမယ့်သူမျိုးကိုပဲ ရွေးချယ်ပြီး ကိုယ့်လက်တွဲဖော်ကို ယုံကြည်ပေးပါ။ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုရှိရင် Relationship တစ်ခုက ပိုပြီး ကြာကြာတည်မြဲနိုင်ပါတယ်။

ကတိတည်ပေးခြင်း

ကိုယ်မလုပ်နိုင်ဘူးထင်ရင် ကတိမပေးပါနဲ့။ ကတိပေးပြီးရင်လည်း ပေးထားတဲ့ကတိကို တည်ပေးပါ။ ကတိတည်မှလည်း ယုံကြည်မှုဆိုတာ ပိုပြီးရှိလာမှာပါ။

ခွင့်လွှတ်သည်းခံခြင်း

ချစ်တော့ချစ်ပါရဲ့ တစ်ယောက်နဲ့တစ်ယောက် မာနတွေရှိနေမယ်၊ ခွင့်လွှတ်သည်းခံပေးဖို့လည်း ခက်ခဲနေကြမယ်ဆိုရင် စိတ်ပျက်တာတွေ၊ သစ္စာပျက်တာတွေ ဖြစ်လာနိုင်ပါတယ်။

နားလည်မှုရှိခြင်း

Relationship တစ်ခုတည်မြဲဖို့ဆိုရင် သစ္စာရှိဖို့၊ နားလည်မှုရှိဖို့၊ ယုံကြည်မှုရှိဖို့က အရေးအကြီးဆုံးပါပဲ။ နားလည်မှုမရှိရင် ခဏခဏ ပြဿနာတွေတက်ပြီး စိတ်ညစ်စရာ၊ စိတ်ပျက်စရာတွေ ဖြစ်လာမယ်။ သည်းမခံနိုင်ကြတော့တဲ့အခါမှာ ဖောက်ပြန်တာ၊ သစ္စာမရှိနိုင်တော့တာတွေ ဖြစ်လာနိုင်ပါတယ်။

လျှို့ဝှက်ချက်ကိုစောင့်ထိန်းပေးခြင်း

လျှို့ဝှက်ချက်တွေကို စောင့်ထိန်းပေးတာကလည်း သစ္စာရှိခြင်းပါပဲ။ ကိုယ့်ကိုအားကိုးလို့၊ ယုံကြည်လို့ ပြောပြလာတဲ့ လျှို့ဝှက်ချက်တွေကို စောင့်ထိန်းပေးရပါမယ်။

ချစ်တာကိုထုတ်ပြပါ

ချစ်တာကို သူများသိအောင် ထုတ်မပြတတ်ဘူးဆိုတာမျိုး မလုပ်ပါနဲ့။ ကိုယ်ချစ်တာကို တစ်ယောက်နဲ့တစ်ယောက် သိအောင်ပြပါ။ တစ်နေ့ထက်တစ်နေ့ပိုတိုးပြီး ချစ်ပါ။ ဂရုစိုက်ပါ။ ကြင်နာပါ။ ဒါဆိုရင်တော့ တစ်ယောက်နဲ့တစ်ယောက် သစ္စာရှိလာအောင် တည်ဆောက်နိုင်ရုံတင်မဟုတ်ပဲ ပိုတည်မြဲတဲ့ Relationship လည်း ဖြစ်လာမှာပါ။

Photo source: www.freepik.com