Single life နဲ့နေရလို့ အထီးကျန်နေတဲ့သူ၊ အားငယ်ပြီး မပျော်နိုင်ဖြစ်နေတဲ့သူတွေအတွက် single အဖြစ်နဲ့ ကိုယ့်ဘဝမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ အကောင်းဆုံးဖြစ်အောင် နေထိုင်နိုင်မယ့် နည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။

Single life နဲ့နေရခြင်းရဲ့ ပထမဆုံးကောင်းတဲ့အချက်ကတော့ စိတ်ပူပန်သောကတွေ လျော့နည်းစေတာပါပဲ။ ရည်းစားထားပြီး ပူပန်သောကရောက်ရတာမျိုး၊ စိတ်ညစ်ရတာမျိုး၊ ဝမ်းနည်းရတာမျိုးတွေ single life မှာ လုံးဝမရှိပါဘူး။ ရည်းစားနဲ့ပျော်ရွှင်နေတဲ့သူတွေကို အားကျရင်တော့ ကိုယ်တစ်ယောက်ထဲလည်း ပျော်စရာတွေ ဖန်တီးယူလို့ရတယ်ဆိုတဲ့စိတ်ကို ထည့်ထားပြီး ပျော်ပျော်ရွှင်ရွှင်နေထိုင်ကြည့်ပါ။ negative ဖြစ်စေတဲ့ အတွေးတွေကို မတွေးပါနဲ့။

ရည်းစားမရှိတဲ့အတွက် ကိုယ့်အချိန်တွေကို ဖဲ့ပေးနေစရာလူမရှိပါဘူး။ ကိုယ့်အချိန်တိုင်းက ကိုယ့်အတွက်ပါပဲ။ တစ်ယောက်ထဲ လုပ်ချင်တာလုပ်၊ နေချင်သလိုနေပြီး အပူပင်မရှိပဲ အေးဆေးဖြတ်သန်းနိုင်ပါတယ်။ ကိုယ်လုပ်ချင်တာရှိရင်၊ သွားချင်တာရှိရင် ခွင့်ပြုချက်တောင်းနေစရာမလိုပဲ ကိုယ့်စိတ်နဲ့ကိုယ်နေနိုင်တာက single life ရဲ့ အားသာချက်လို့ မှတ်ယူထားပြီးသား ပျော်ပျော်နေပါ။

ဒါ့အပြင် ရည်းစားမရှိတဲ့အတွက် ကိုယ်ရှာသမျှပိုက်ဆံကလည်း ကိုယ့်အတွက်ပဲ ကိုယ်သုံးစရာရှိပါတယ်။ ဒါလည်း အားသာချက်တစ်ခုပါပဲ။ ကိုယ်ဝယ်ချင်တာဝယ်ပြီး ကိုယ့်အတွက်သုံးချင်တာကို အေးဆေးသုံးရုံပါပဲ။ ဒါကြောင့် ရည်းစားမရှိလို့ အားငယ်ပြီး စိတ်ညစ်နေမယ့်အစား single life ရဲ့ ကောင်းတဲ့အချက်တွေကိုတွေးပြီးပဲ ပျော်ပျော်နေပါ။ နေတတ်ရင် ပျော်စရာတွေချည်းပါပဲ။

တစ်ခုခုဆိုရင် ချုပ်ချယ်မယ့်သူလည်းမရှိပါဘူး။ ကိုယ့်စိတ်နဲ့ကိုယ် လုပ်ချင်တာလုပ်လို့ရပါတယ်။ ဒါကြောင့်လည်း single life က လွတ်လပ်တယ်လို့ ပြောကြတာပါ။ ရည်းစားမရှိတော့ တစ်ယောက်ထဲ တစ်ခါတစ်လေတော့ အထီးကျန်စိတ်မျိုး ဝင်မိမှာပါ။ ဒီလိုအထီးကျန်တဲ့စိတ်ဝင်လာရင် ရုပ်ရှင်ကြည့်တာ၊ ဂိမ်းဆော့တာ၊ workout လုပ်တာ၊ shopping ထွက်တာ၊ သူငယ်ချင်းတွေတွေ့ပြီး သောက်စားပျော်ပါးတာ၊ လျှောက်သွားတာမျိုးတွေ လုပ်ကြည့်လိုက်ပါ။ အထီးကျန်နေတာတွေမေ့ပြီး ပျော်ရွှင်ရပါလိမ့်မယ်။