ကိုယ့်အပေါ်ချစ်တဲ့သူတွေပေါ်မှာ ဆိုးခဲ့မိလို့နောင်တရနေရင် ပြန်ကောင်းပေးလိုက်ပါ။ အနားမှာရှိတုန်း တန်ဖိုးထားပေးပါ။ အနားမှာမရှိတော့မှ နောင်တရပြီးပြန်ပြင်လည်း အလကားပါပဲ။ ဒါကြောင့် ကိုယ့်အနေနဲ့ ကောင်းမွန်တဲ့ ချစ်သူကောင်းတစ်ယောက်ဖြစ်အောင် ဘယ်လိုတွေလုပ်ဆောင်ရမလဲဆိုတာကို ပြောပြပေးလိုက်ပါတယ်။

ကိုယ့်ချစ်သူအပေါ်မှာစိတ်ရှည်ပေးပါ။ သေးသေးလေးကအစ ဂရုစိုက်ပြီး ကြင်နာပေးပါ။ ကိုယ့်ဂရုစိုက်ကြောင်းကိုလည်း ထုတ်ပြပါ။

တစ်ခုခုဆိုရင် ကိုယ့်ချစ်သူဘက်ကနေ ရပ်တည်ပြီး ကာကွယ်ပေးပါ။ စိတ်ရင်းအမှန်နဲ့ သူ့အပေါ်မှာ ကောင်းပေးပါ။ တစ်ခုခုဆို သူပြောတာတွေကို သေချာနားထောင်ပေးပြီး နှစ်သိမ့်ပေးပါ။ လမ်းပြပေးပါ။

အရေးအကြီးဆုံးကတော့ ကိုယ့်ချစ်သူအပေါ်မှာ သစ္စာရှိပေးပါ။ ဖောက်ပြန်ဖို့ စိတ်ထဲကတောင် မတွေးမိပါစေနဲ့။ မလိမ်မညာပဲ အရာရာကို ပွင့်ပွင့်လင်းလင်းပြောဆို ဆက်ဆံပါ။ Relationship တစ်ခုမှာ တစ်ယောက်နဲ့ တစ်ယောက် ပွင့်ပွင့်လင်းလင်းရှိဖို့နဲ့ သစ္စာရှိဖို့က အရေးအကြီးဆုံးပါပဲ။

ကိုယ့်ချစ်သူအပေါ်မှာ ကောင်းမွန်တဲ့သူတစ်ယောက်ဖြစ်ချင်ရင် ပျော်အောင်ထားပါ။ ပျော်စရာတွေဖန်တီးပြီး စိတ်ချမ်းသာအောင်ထားပါ။ ကိုယ့်ချစ်သူအပေါ်မှာ Respect ထားပါ။

ကိုယ့်ချစ်သူကလည်း ကိုယ့်ကိုချစ်တယ်၊ ကိုယ့်အပေါ်ကောင်းတယ်ဆိုရင် သင့်အနေနဲ့ ဒီအချက်တွေကို လုပ်ပေးလိုက်ပါ။ ဒါဆိုရင် အရမ်းကိုပျော်စရာကောင်းပြီး စိတ်ချမ်းသာရတဲ့ Relationship တစ်ခု ဖြစ်လာပါလိမ့်မယ်။

Photo Source: www.pinterest.com