စိတ်က အာရုံများနေရင် ဘာလုပ်လုပ်အမှားဖြစ်နေမှာပါ။ စိတ်ရှုပ်ပြီး စိတ်မရှည်ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် အာရုံများနေတဲ့စိတ်ကို relax ဖြစ်သွားအောင်လုပ်ပေးနိုင်မယ့် နည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။

တရားထိုင်ပါ

အကောင်းဆုံးကတော့ အာရုံတွေများနေရင် စိတ်တည်ငြိမ်သွားအောင်၊ အာရုံပြန်လည်စုစည်းနိုင်အောင် တရားထိုင်ပေးပါ။ တိတ်ဆိတ်တဲ့နေရာမှာ တရားထိုင်ပြီး အသက်ကိုသေချာရှိုက်ရှူလိုက်၊ ရှူထုတ်လိုက်နဲ့ လုပ်ပေးပါ။ အနည်းဆုံး ၁၅ မိနစ်လောက်ရအောင်ထိုင်ပါ။ အချိန်ကြာကြာထိုင်နိုင်လေ စိတ်အေးချမ်းတည်ငြိမ်ပြီး relax ဖြစ်လေပါပဲ။

သာယာတဲ့နေရာတစ်ခုကိုလမ်းလျှောက်ထွက်ပါ

သာယာတဲ့နေရာတစ်ခုခုကို လမ်းလျှောက်ထွက်ပြီး သဘာဝအလှတရားတွေကို ခံစားလိုက်ပါ။ ပန်းခြံမှာပဲဖြစ်ဖြစ် သီချင်းနားထောင်ရင်း လမ်းလျှောက်ထွက်တာမျိုး exercise လုပ်တာမျိုး၊ ပြေးတာမျိုးလည်း လုပ်ပေးလို့ရပါတယ်။ အာရုံများနေတာတွေ အားလုံးပျောက်သွားပြီး relax ဖြစ်သွားပါလိမ့်မယ်။

အိပ်လိုက်ပါ

အိမ်မှာနေရင်းနဲ့ အာရုံတွေများလာပြီး စိတ်တွေရှုပ်ထွေးလာပြီဆိုရင် ဘာမှစဉ်းစားမနေပါနဲ့တော့။ အိပ်လိုက်ပါ။ စိတ်သက်သာရာရသွားပါလိမ့်မယ်။ ဒါကတော့ အလွယ်ကူဆုံးနည်းလမ်းပါပဲ။

ဘာမှမလုပ်ပဲအနားယူလိုက်ပါ

အာရုံတွေများနေရင် ဘာမှမလုပ်တာ အကောင်းဆုံးပါပဲ။ လုပ်ရင်လည်းမှားတာနဲ့၊ စိတ်ရှုပ်တာနဲ့ အလိုလိုနေရင်း ဒေါသတွေထွက်လာပါလိမ့်မယ်။ ဒါကြောင့် ဘာမှမလုပ်ပဲ အေးအေးဆေးဆေးသာ အနားယူလိုက်ပါ။ ရုပ်ရှင်ကြည့်ချင်လည်းကြည့်၊ စာဖတ်ချင်လည်းဖတ်။ အဆင်ပြေသလိုသာ နေလိုက်ပါ။

ရေကူးပါ

စိတ်တွေအရမ်းရှုပ်လာရင်ပဲဖြစ်ဖြစ်၊ stress တွေများပြီး စိတ်ညစ်နေရင်ပဲဖြစ်ဖြစ်၊ အာရုံတွေများနေရင်ပဲဖြစ်ဖြစ် ရေကူးပါ။ ရေကူးလိုက်ရင် အကုန်ပျောက်သွားပြီး စိတ်ရောလူပါ ပေါ့ပါးလန်းဆန်းသွားပါလိမ့်မယ်။ အရမ်းလည်း relax ဖြစ်စေပါတယ်။