ဝက်ခြံတွေထွက်နေလို့ စိတ်ညစ်နေတဲ့သူတွေနဲ့ မိတ်ကပ်လိမ်းရင် ဝက်ခြံတွေမြင်နေရတာ မကြိုက်ဘူးဆိုတဲ့သူတွေအတွက် မိတ်ကပ်လိမ်းတဲ့အခါမှာ ဝက်ခြံတွေကို လုံးဝမမြင်ရအောင်လိမ်းနိုင်မယ့် နည်းလမ်းကို မျှဝေပေးလိုက်ပါတယ်။
ဘာမှမလိမ်းခင်မှာ အရင်ဆုံး ကိုယ်လိမ်းနေကျ skincare နဲ့ sunscreen ကို လိမ်းဖို့မမေ့ပါနဲ့။ ဒါတွေလိမ်းပြီးမှ ကျန်တာကို ဆက်လိမ်းရပါမယ်။
Primer
မိတ်ကပ်သားပိုလှဖို့နဲ့ ဝက်ခြံတွေကိုဖုံးဖို့အတွက် အရင်ဆုံး primer လိမ်းပေးပါ။ Primer ကို Oil free primer သုံးပေးပါ။
Concealer
ဝက်ခြံတွေနဲ့ ကိုယ်မမြင်စေချင်တဲ့အရာမှန်သမျှကို ဖုံးဖို့အတွက်ဆိုရင် concealer က အဓိကပါပဲ။ concealer ကို ဝက်ခြံပေါ်မှာတင်ပြီး concealer brush နဲ့လိမ်းပေးပါ။ ဝက်ခြံအပြင် အဖုလေးတွေ၊ အမဲစက်တွေ၊ အမာရွတ်တွေကိုလည်း ဖုံးလို့ရပါတယ်။
Foundation
Foundation သုံးတဲ့အခါမှာ ကိုယ်ကဝက်ခြံတွေရှိတာဆိုရင် ဝက်ခြံသမားတွေ safe ဖြစ်စေတဲ့ foundation မျိုးကို ရွေးသုံးပါ။ Foundation ကိုလိမ်းတဲ့အခါမှာ လက်နဲ့မလိမ်းပါနဲ့။ makeup brush (သို့) makeup sponge နဲ့ လိမ်းပေးပါ။
Setting Powder
အားလုံးလိမ်းပြီးပြီဆိုရင်တော့ နောက်ဆုံးမှာ Setting Powder ကို brush နဲ့ယူပြီး လိမ်းပေးရပါမယ်။ ဒီအဆင့် ၄ ဆင့်လုံးပြီးရင်တော့ မျက်နှာမှာရှိတဲ့ဝက်ခြံတွေကို ကောင်းကောင်းဖုံးလိုက်နိုင်ပြီပဲ ဖြစ်ပါတယ်။
Photo source: www.freepik.com