Vaseline ကို နည်းလမ်းမျိုးစုံနဲ့အသုံးပြုနိုင်ပါတယ်။ ဥပမာပြောရရင် မိခင်အများစုက ကလေးဒိုက်ပါခံတာများလာလို့ အသားအရေနီရဲလာတဲ့အချိန်မှာ သုံးနိုင်သလို အသေးအဖွဲ ထိခိုက်ရှနာ၊ အပူလောင်တွေမျိုးအတွက်လည်း ကိုယ့်ကိုယ်ကို ကာကွယ်ဖို့အတွက် သုံးပေးနိုင်ပါတယ်။

Vaseline ရဲ့ အဓိကအားသာချက်ကတော့ ခြောက်သွေ့မှုအတွက် အစိုဓာတ်ကိုဖြည့်တင်းပေးတာမို့ အသားအရေခြောက်သွေ့ခြင်း၊ အသားအရေကွဲအက်ခြင်းတို့အတွက် လူအများစု အသုံးပြုကြတာလည်းဖြစ်ပါတယ်။

ဒီနေ့မှာတော့ ကိုယ်ပေါ်က မလိုလားအပ်တဲ့ အမွှေးအမျှင်တွေကို ဖယ်ရှားဖို့အတွက် Vaseline ကို ဘယ်လိုအသုံးပြုမလဲဆိုတဲ့ နည်းလမ်းလေးကို ဝေမျှပေးသွားမှာပါ။

လိုအပ်တဲ့ပါဝင်ပစ္စည်းများ

  • ကုလားပဲမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း
  • နနွင်းမှုန့် စားပွဲတင်ဇွန်း တစ်ဝက်
  • နို့မှုန့် စားပွဲတင်ဇွန်း ၃ ဇွန်း
  • Vaseline လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြင်ဆင်ပုံအဆင့်ဆင့်

၁။ အထက်ဖော်ပြပါ ပါဝင်ပစ္စည်းတွေထဲမှာမှ Vaseline ကို ခဏဖယ်ထားပြီး ပန်းကန်လုံးတစ်ခုထဲမှာ အကုန်ရောမွှေပေးပါ။ ပျစ်ပျစ်နှစ်နှစ်ဖြစ်လာတဲ့အထိ မွှေပေးပါ။

၂။ ရလာတဲ့အနှစ်ထဲကို Vaseline ပေါင်းထည့်ပြီး ဆက်မွှေပေးပါ။

၃။ နှံ့သွားပြီဆိုရင်တော့ မလိုလားတဲ့ အမွှေးအမျှင်တွေရှိတဲ့နေရာပေါ်မှာ အနှစ်ကို လိမ်းပေးပါ။

၄။ အနှစ်လုံးဝခြောက်သွားတဲ့အထိ ထားပေးဖို့လိုအပ်ပြီး ပုံမှန်အားဖြင့် ငါးမိနစ်မှ ၁၀ မိနစ်ခန့်ကြာမြင့်တတ်ပါတယ်။

၅။ ခြောက်သွားပြီဆိုရင်တော့ အမွှေးပေါက်ရာနဲ့ လားရာဆန့်ကျင်ဖက်ကနေပြီး ဆွဲခွာပေးပါ။ ခွာပြီးနောက် ရေနွေးနွေးလေးနဲ့ မျက်နှာသစ်လိုက်ပါ။

ဒီနည်းလမ်းလေးကိုတော့ နေ့စဥ်ပုံမှန်ပြုလုပ်ပေးနိုင်သလို နှုတ်ခမ်းအပေါ်နားမှာ နှုတ်ခမ်းမွှေးရေးရေးပေါက်လို့ စိတ်ညစ်နေတဲ့ အမျိုးသမီးတွေအတွက် အထူးသင့်တော်ပါတယ်။

Source: healthyfoodhouse.us

By MyStyle Myanmar