အခုနောက်ပိုင်းမှာ အထူးသဖြင့် လူငယ်တော်တော်များများက ညဘက်တွေဆို မအိပ်ကြဘူး၊ ၂ နာရီ၊ ၃ နာရီမှ အိပ်ကြတယ်။ အိပ်မပျော်လို့မအိပ်ရာကနေ အကျင့်ဖြစ်သွားတာပေါ့။ အကျင့်မလုပ်ပဲ ပုံမှန်အိပ်ချိန်နဲ့ ပြန်အိပ်နိုင်အောင် လုပ်ရပါမယ်။ ကြာလာရင် ကျန်းမာရေး၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်လာနိုင်ပါတယ်။ ဒါကြောင့် ညဘက်တွေမှာ ကောင်းမွန်စွာအိပ်ပျော်စေတဲ့ ထူးဆန်းတဲ့ နည်းလမ်းကောင်းလေးတချို့ကို မျှဝေပေးချင်ပါတယ်။
တရားထိုင်ပါ
မအိပ်ခင်မှာ တရားထိုင်ပေးခြင်းက စိတ်တည်ငြိမ်ပြီး ကောင်းမွန်စွာ အိပ်ပျော်စေပါတယ်။
နေ့ခင်းဘက်မအိပ်ပါနဲ့
နေ့ခင်းဘက်တွေအိပ်ရင် ညဘက်မှာ တော်ရုံနဲ့အိပ်မပျော်ပါဘူး။ ညဘက်မှာ နှစ်နှစ်ခြိုက်ခြိုက် ကောင်းမွန်စွာအိပ်ပျော်နိုင်ဖို့ နေ့ခင်းဘက်တွေမှာ မအိပ်ပါနဲ့။
Lavender Oil အနံ့ကိုရှူပါ
အခန်းထဲမှာ Lavender Oil လေးထည့်ထားရင် အဲ့အနံ့လေးက ကောင်းမွန်စွာ အိပ်ပျော်နိုင်ဖို့ ကူညီပေးပါတယ်။

Glass Flacon of Lavender oil and flowers of Lavandula plant. Fragrances essential oil in diffuser. Natural vegetable oil used for aromatherapy
သီချင်းအေးအေးလေးတွေနားထောင်ပါ
သီချင်းအေးအေးလေးတွေကို နားထောင်ပြီးအိပ်ရင်လည်း မြန်မြန်အိပ်ပျော်စေပါတယ်။
အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ
မအိပ်ခင်မှာ အသက်ကို ရှူသွင်းရှူထုတ် ဖြေးဖြေးချင်းစီ လုပ်ပေးပါ။ အသက်ရှူလေ့ကျင့်ခန်းလုပ်ခြင်းက စိတ်တည်ငြိမ်ပြီး Stress တွေ လျော့ကျစေတယ်။ ကောင်းမွန်စွာလည်း အိပ်ပျော်စေပါတယ်။
ယောဂကျင့်ပါ
မအိပ်ခင်မှာ ယောဂကျင့်ဖို့ အချိန်ပေးပြီး လွယ်ကူတဲ့ယောဂကျင့်စဉ်လေးတွေကို လုပ်ကြည့်ပါ။ မြန်မြန်၊ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါတယ်။
Cherry Juice သောက်ပါ
ည ၉ နာရီလောက်မှာ Cherry Juice တစ်ခွက်လောက် သောက်ပြီးအိပ်ပါက ကောင်းမွန်စွာ အိပ်ပျော်စေပါတယ်။
Source: www.brightside.me